Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဇူလိုင် ၉

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတဝှမ်းရှိ နိုင်ငံပိုင်မြေနှင့် အဆောက်အဦ ၂၃ခုကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာထားရာ ယင်းထဲတွင် တာချီလိတ်မြို့မှ ၇နေရာအထိ ပါဝင်နေသည်။

ဆန်ဆိုင်း(က)ရပ်ကွက်၊ လွန်းကျိုင်းကွင်း၊ လွန်းကျိုင်းကျေးရွာများအတွင်းရှိ နေရာ ၆ခုဖြစ်ပြီး စုစုပေါင်းမြေဧက အကျယ်အဝန်းမှာ ၁ ဒဿမ ၄၅၉ ဧက ရှိကြောင်း စစ်အုပ်စု၏ ကြေညာချက်အရသိရသည်။

အဆိုပါနေရာ ၇ခုစလုံးတွင် မြေသာမက အဆောက်အဦများလည်ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ လားရှိုးနှင့် မုံးကိုးမြို့နယ်များမှလည်း ပါဝင်ကြောင်း သိရသည်။

စစ်အုပ်စုအနေဖြင့် နိုင်ငံပိုင်မြေနှင့် အဆောက်အဦများကို ရောင်းချခွင့် အခွင့်အာဏာမရှိသည့်အတွက် ဝယ်ယူခြင်း မပြုကြရန် အမျိုးသား ညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

ဝယ်ယူသူများအနေဖြင့် နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းခြင်း ခံရမည်ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေး အစိုးရက သတိပေးထားသည်။

(မှတ်ချက် - စစ်အုပ်စုလေလံတင်ရောင်းချမည့် တာချီလိတ်မြို့မှ နေရာ ၇ခုစာရင်းကို ပုံတင်ဖော်ပြထားသည်)

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။