Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ပုသိမ်မြို့တွင် Covid-19 ရောဂါပိုး ကူးစက်ခံရပြီး ဇွန် ၂၈ ရက်မှ ဇူလိုင် ၈ ရက်အထိ တစ်ရက်လျှင် ၂ ဦးထက်မနည်း သေဆုံးနေကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

တတိယလှိုင်း Covid-19 ရောဂါဖြင့် ပုသိမ်မြို့တွင် နေ့စဉ် ရောဂါပိုးကူးစက်ခံရသူ မြင့်တက်နေပြီး ယခုလတွင် ပိုးကူးစက်ခံရသူ ၄၀၀ ဦးကျော်ရှိလာသည်။

"ဇူလိုင် ၇ ရက်နေ့ကဆို ၈ ဦး သေဆုံးခဲ့တယ်။ ဒီနေ့မှာတော့ ၂ ယောက်သေတယ်" ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးက ဆိုသည်။

သေဆုံးခဲ့သူများမှာ ကိုယ်ခံအားနည်းသူများဖြစ်ကြောင်း ကျန်းမာရေးဌာနထံမှ သိရှိရပြီး ပုသိမ်မြို့ဆေးရုံမှာလည်း ယခုအချိန်တွင် ကျန်းမာရေးဝန်ဆောင်မှု အားနည်းလာသည်ဟု ယူဆကြောင်း၊ လူနာအချို့မှာ နေအိမ်တွင် ဆေးကုသမှုခံယူရင်းမှ သေဆုံးရကြောင်း လူမှုကူညီရေးအဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိ ပုသိမ်မြို့မှာ စစ်ကောင်စီမှ သတင်းထုတ်ပြန်ကြေညာထားသည့် Stay at Home မြို့နယ်များတွင် ပါဝင်နေသည်။

ခိုင်ကြီး
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။