Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မဲခေါင်၊ ဇွန် ၁၁

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား ၁၀၉ဦးထဲမှ နောက်ထပ် ၄၅ဦးတွင် COVID-19 ကူးစက်ခံထားရသည်ကို ဇွန်လ ၁၁ရက်က စစ်ဆေးတွေ့ရှိသည်။

ဇွန်လ ၁ရက်က မယ်ဆိုင်မှ တာချီလိတ်သို့ လွှဲပြောင်းလာသည့် ၁၀၉ဦး အသုတ်ဖြစ်ပြီး စတင်လွှဲပြောင်းစဉ်က ၇ဦး၊ ဇွန်လ ၄ရက် ဒုတိယအကြိမ်စစ်ဆေးရာတွင် ၃၀ဦး တို့တွင် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကျန်သူများကို ဇွန်လ ၁၁ရက်တွင် တတိယအကြိမ်စစ်ဆေးရာ နောက်ထပ် ၄၅ဦးတွင် ရောဂါပိုးကူးစက်ခံထားရသည်ကို တွေ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအဖွဲ့က အားလုံးပေါင်း ၈၀ ကျော်သွားပြီပေါ့။ အားလုံးကို မိုးကုတ်ရိပ်သာမှာပဲ ထားထားတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၁ရက်က ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိသည့် ၇ဦးမှာ နံနက်ဖြန်(ဇွန်လ ၁၁)ရက်တွင် ဆေးရုံဆင်းခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း COVID-19 ကူးစက်ခံရသူ တစ်ရာနီးပါးရှိလာပြီး ၄ဦးသာ ဆေးရုံဆင်းခွင့်ရသေးသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။