Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မိုင်းယောင်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးသည် ဆေးကုသမှုခံယူပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ရာ လက်ရှိ၌ ဆေးကုသမှုခံယူနေသူ မကျန်ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆေးရုံဆင်းရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ သွားရောက်ပြီး ဆေးရုံဆင်းခွင့်ရသူများအား ကိုဗစ်-၁၉ ကာကွယ်ရေး နေထိုင်ရမည့် နည်းလမ်းများအကြောင်းကို ရှင်လင်းပြောကြားခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးအထိ တွေ့ရှိထားရာမှ ဒီဇင်ဘာ ၁၅ ရက်တွင် သုံးဦး၊ ဒီဇင်ဘာ ၁၆ ရက်တွင် နှစ်ဦး၊ ဒီဇင်ဘာ ၁၇ ရက်တွင် နှစ်ဦး၊ ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ဦး၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် တစ်ဦး၊ ဒီဇင်ဘာ ၂၉ ရက်နေ့၌ တစ်ဦးနှင့် ယနေ့၌ နှစ်ဦးတို့ကို အသီးသီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် လက်ရှိ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများရှိသော်လည်း ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းအထိ အတည်ပြုလူနာထပ်မံတွေ့ရှိခြင်း မရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အားချာ
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။