Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

ဘန်ကောက်၊ ဇန်နဝါရီ ၅

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နောက်ထပ် ၃၅ သန်းထပ်မံဝယ်ယူရန် ထိုင်းအစိုးရကစီစဉ်နေပြီး စုစုပေါင်း ၆၃ သန်းအထိဝယ်ယူမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက တနင်္လာနေ့တွင်ပြောသည်။

မည်သည့်နေရာမှဝယ်ယူမည်ဟု ပြောခြင်းမရှိသော်လည်း ဆေးများသည် ဘေးကင်းစိတ်ချရပြီး ဘေးထွက်ဆိုးကျိုးများမရှိဘဲ နိုင်ငံ၏ အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန(FDA)၏ စံချိန်စံနှုန်းများနှင့်ကိုက်ညီမှုရှိမည်ဟု ဝန်ကြီးချုပ်ကပြောသည်။

ကာကွယ်ဆေးထိုးမှုတွင် ပါဝင်လုပ်ဆောင်ရန် ရောဂါထိန်းချုပ်ရေးဌာနနှင့် အမျိုးသားကာကွယ်ဆေးအင်စတီကျူ့တို့ကို ညွှန်ကြားထားကြောင်းလည်း ပြောသည်။

လာမည့် ၃ လအတွင်း ထိုင်းမှမှာထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ သန်း ရောက်ရှိမည်ဖြစ်ပြီး မည်သူ့ကိုဦးစားပေးထိုးမည်ကို အစိုးရကဆုံးဖြတ်နေကြောင်းလည်း အသိပေးသည်။

အက်စထရာဇီနီကာကုမ္ပဏီနှင့် မကြာသေးမီက လက်မှတ်ရေးထိုးပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၆ သန်းနှင့် ထိုင်းတွင် ဆေးထုတ်လုပ်ခွင့်တို့ကို ရရှိထားကာ မေလတွင် ထောက်ပံ့မှုစတင်မည်ဖြစ်သည်။

အက်စထရာဇီနီကာနှင့် အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ဖော်စပ်ပုံဖြင့် ထိုင်းနိုင်ငံရှိ ဆိုင်ယမ်ဇီဝသိပ္ပံကထုတ်လုပ်မည် ဖြစ်သည်။

မှာယူထားသည့်ဆေးများအနက် လာမည့်လတွင် တရုတ်နိုင်ငံရှိဆင်နိုဗက်ကုမ္ပဏီထံမှ ဝယ်ယူထားသောဆေး ၂ သိန်းစတင်ရောက်ရှိမည်ဖြစ်ပြီး ထိုဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာကျန်းမာရေးစေတနာ့ဝန်ထမ်းများကို ဦးစားပေးထိုးပေးသွားမည်ဟု ဝန်ကြီးချုပ် ပရာရွတ်က အသိပေးသည်။

တနင်္လာနေ့တွင် ထိုင်းနိုင်ငံ၌ တနေ့တာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့ပြီး အတည်ပြုလူနာ ၇၄၅ ယောက်နှင့် သေဆုံးသူ ၁ ယောက်ထပ်တိုးသည်။

ထပ်တိုးသူများထဲတွင် ပြည်တွင်းကူးစက်လူနာ ၇၂၉ ယောက်ရှိပြီး ထိုထဲတွင် ရွှေ့ပြောင်းလုပ်သား ၅၇၇ ယောက်ပါဝင်သည်။

ထို့ကြောင့် ထိုင်းတွင် အတည်ပြုလူနာ ၈၄၃၉ ယောက်ရှိပြီး သေဆုံးသူ ၆၅ ယောက်ရှိနေသည်။

ယခုကူးစက်မှုလှိုင်းသည် ဆာမွတ်ဆာခွန်ခရိုင်ရှိ ရွှေ့ပြောင်းလုပ်သားအများအပြားလုပ်ကိုင်သည့် ပုစွန်ဈေးမှစတင်ခြင်းဖြစ်ပြီး ကူးစက်မှုမြင့်တက်လာခြင်းကြောင့် မြို့တော်ဘန်ကောက်အပါအဝင် ကူးစက်မှုမြင့်တက်နေသည့်ခရိုင်များတွင် ကန့်သတ်မှုအသစ်များချမှတ်ထားသည်။

Source – Bangkok Post
#ဥက္ကာ
#MeKongNews
Photo – Bangkok Post

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။