Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

Covid-19

မိုင်းယောင်း၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကို မိမိကိုယ်တိုင် ကူးစက်မခံရစေရန်၊ မိသားစုကို မကူးစက်စေရန်၊ မိမိပတ်ဝန်းကျင်ရှိ အခြားသူများထံ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်၍ ကာကွယ်ရပါမည်။ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းသည် အလွန်ထိရောက်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းဖြစ်၍ ရောဂါဖြစ်ပွားမှုကွင်းဆက်ကို ထိရောက်စွာ ဖြတ်တောက်နိုင်ပါသည် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့သည်။

မိုင်းယောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦးရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် သုံးဦး၊ ဒီဇင်ဘာ ၁၆ ရက်တွင် နှစ်ဦး၊ ဒီဇင်ဘာ ၁၇ ရက်တွင် နှစ်ဦး၊ ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ဦးနှင့် ယနေ့တွင် တစ်ဦးတို့ကို အသီးသီး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ တစ်ဦး ကျန်ရှိနေပြီး မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

နန်းစီဖေါင်း

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။