ဒေသတွင်းသတင်း

လားရှိုး ကွန်ခိုက်ယာယီတံတားကနေ ယာဉ်ငယ်တွေကိုသာ သွားလာခွင့်ပြုမယ်

မဲခေါင် 29 Jan - 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး - သီပေါ ကြား၊ စယ်အင် (စင့်အင့်)ရွာက စဉ့်အင်တံတားကွင်းလမ်းရှိ ကွန်ခိုက်ယာယီတံတားကနေ ယာဉ်ငယ်တွေကိုသာ သွားလာခွင့်ပြုမှာ ဖြစ်ကြောင်း ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ယာယီတံတား ကြည့်ကြပ်ရေး တာဝန်ရှိသူတွေ အသိပေးထားကြောင်း ဒေသခံတွေနဲ့ယာဉ်မောင်းတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး – သီပေါ ကြား၊ စယ်အင် (စင့်အင့်)ရွာက စဉ့်အင်တံတားကွင်းလမ်းရှိ ကွန်ခိုက်ယာယီတံတားကနေ ယာဉ်ငယ်တွေကိုသာ သွားလာခွင့်ပြုမှာ ဖြစ်ကြောင်း ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ယာယီတံတား ကြည့်ကြပ်ရေး တာဝန်ရှိသူတွေ အသိပေးထားကြောင်း ဒေသခံတွေနဲ့ယာဉ်မောင်းတွေဆီက သိရပါတယ်။

“ ကားကြီး ဖြတ်လို့ မရဘူး။ ကားငယ်ပဲ ရတယ်။ ဖြတ်သန်းခ ကောက်တယ်” လို့ သီပေါဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီ စဉ့်အင် ချောင်းဖြတ်ယာယီတံတားကို SSPP/ SSA အဖွဲ့က ယာဉ်ငယ်တွေအတွက် ရည်ရွယ်ပြီး ယာယီ ထိုးတားပေးတာလို့ သူက ပြောပါတယ်။

“ ၆ ဘီးက ခါလီပဲ ရမယ်။ ကားငယ်တွေပဲ အဆင်ပြေတယ်။” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ယမန်နေ့ကတော့ ယာဉ်ငယ် တစ်စီးချော်သွားတာမျိုးရှိတာကြောင့် ယာဉ်တွေ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

စဉ့်အင်ကွင်းလမ်း ကွန်ခိုက် ယာယီတံတားက ကားငယ်များအတွက်သာ ရည်ရွယ်ထားပြီး ၇ ပေ အကျယ်သာ ခင်းထားတဲ့အတွက် သတ်မှတ်ပေထက် ကျယ်တဲ့ကားတွေဖြတ်ရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ခရီးသွားကားများ အနေနဲ့ အိမ်စီးယာဉ်ငယ်များနဲ့ ခရီးသည်တင်ယာဉ်ငယ်၊ အံစာတုံးကား များသာ ဖြတ်သန်းသွားလာရန်၊ ကင်တာကုန်တင်ယာဉ်များ၊ ၆ ဘီးကုန်တင်ယာဉ်နဲ့အထက် ယာဉ်ကြီးများ ဖြတ်သန်းခွင့် မပြုကြောင်း ယာယီ တံတားကြည့်ကြပ်ရေး တာဝန်ရှိသူတွေက အသိပေးထားကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။

လားရှိုး – သီပေါ် ကြားက စဉ့်အင်တံတားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားရာက ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။

CJ-008

#MeKongNews

#စင့်အင်

#တံတား

#ဖြတ်သန်းခ

#ယာဥ်ငယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now