စစ်ရေးသတင်း

ရှမ်းတောင်ပိုင်းက ငွေတောင်းကြမ်းနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အမှတ် ၁၀၀၈ – SSRY တပ်ရင်း သတိပေး

မဲခေါင် 19 Mar - 2024
ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာ ပြည်သူတွေအပေါ် အခွင့်ကောင်းယူနေတဲ့ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှုးတွေကို အမှတ် ၁၀၀၈- SSRY တပ်ရင်းက မတ်လ ၁၈ ရက်နေ့က အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၉

ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာ ပြည်သူတွေအပေါ် အခွင့်ကောင်းယူနေတဲ့ လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှုးတွေကို အမှတ် ၁၀၀၈- SSRY တပ်ရင်းက မတ်လ ၁၈ ရက်နေ့က အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက် ငွေတောင်းနေမှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေတာကြောင့် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ဆိုပါတယ်။

“ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းမှာ အများပြည်သူတွေက အရင်ကထက်ပိုပြီး စိုးရိမ်လာကြတယ်။အရွယ်ကောင်းသားတွေအပါအဝင် အိမ်ထောင်သည်ယောကျာ်းတွေပါ အရင်လို ခရီးသွားလာဖို့၊ နေ့တစ်ဓူဝ လှုပ်ရှားသွားလာ လုပ်ကိုင်စားသောက်ဖို့အတွက်ပါ အခက်အခဲ၊အကြပ်အတည်းတွေနဲ့ ကြုံလာရပါတယ်။ဒါကို စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ စကစေထာက်တိုင်တွေဖြစ်တဲ့ 5ဦးကော်မတီထဲက ထွေအုပ်၊လဝက၊ရပ်ကြေးအုပ်ချုပ်ရေးမှူး စတဲ့သူတွေက ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အရွယ်ကောင်းသားတွေကို စစ်ကောင်စီအောက်မှာ စစ်မှုထမ်းဖို့အတွက် နည်းပေါင်းစုံနဲ့ ပူးပေါင်းပါဝင်နေကြတာတွေကို ကျနော်တို့ သတင်းတွေကြားနေ၊ ရနေပါတယ်။” လို့ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီထောက်တိုင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းထားပြီး အခါအခွင့်သင်တာနဲ့ စစ်ကောင်စီတပ်တွေနဲ့ ထောက်တိုင်တွေကိုပါ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ သိရပါတယ်။

“ ကျနော်တို့1008 တပ်ရင်းအနေနဲ့ စစ်ကောင်စီနဲ့သူတို့ရဲ့ဒေါက်တိုင်တွေကိုပါ အဆုံးထိတော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်သလို စစ်ကောင်စီ လက်ပါးစေတွေကိုလည်း အဆင့်ဆင့် ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာပါဗျ။”

စစ်ကောင်စီတပ်က ပြည်သူကို ကျွန်ပြုလိုတဲ့အတွက် စစ်မှုထမ်းဥပဒေထုတ်ပြန်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချပြီး ကန့်ကွက်တယ်လို့သိရပါတယ်။

CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သီပေါ-ကျောက်မဲ ကြားက ပျက်စီးခဲ့တဲ့ ကျင်သီတံတားနေရာမှာ ယာဉ်ငယ်တွေအတွက် ယာယီတံတားဆောက်နေ

သီပေါနဲ့ကျောက်မဲမြို့တွေ အကြားက ပျက်စီးနေတဲ့ ကျင်သီတံတားဘေးမှာ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ ယာယီတံတား ဆောက်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ “အသက်ပေးပြီး ကျွန်ခံနေတာ” လို့ PNFC အတွင်းရေးမှူး ပြော

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အသက်ပေးပြီး ကျွန်ခံနေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးက ပြောကြားလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now