မြန်မာ့နွေဦး

ရွှေပြည်သာမှာ စစ်သားနဲ့ရပ်ကွက်အုပ်ကြီးတွေပေါင်းပြီး ပြည်သူတွေကိုအနိုင်ကျင့်နေ

မဲခေါင် 22 Jan - 2023
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မူးရူးပြီးပြည်သူတွေကို နှိပ်စက်အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မူးရူးပြီးပြည်သူတွေကို နှိပ်စက်အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက် ညပိုင်းကအမှတ် ၆ ရပ်ကွက် ရွှေညာမောင် (စအဖ) ရုံးရှေ့မှာ လူနာလာသယ်တဲ့ လူမှုကူညီရေးကားတစ်စင်း ဟွန်းတီးလို့ဆိုပြီး ရုံးအတွင်းမှ အမျိုးသား ၆ယောက်ထွက်လာ​ပြီးဝိုင်းဝန်းထိုး ကြိတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

“ ယာဥ်မောင်းကတော့ အထိုးခံရတာနည်းတယ်။ လူနာကောက်တဲ့ကလေးကတော့ အတော်ထိသွားတယ်။ သွားတောင်ပဲ့ထွက်သွားတယ်။ မျက်နှာဆိုယောင်ကိုင်းနေတာ။ နံရိုးတွေလည်းဖြတ်ကန်ထားတော့အောင့်နေတာမသက်သာသေးဘူး။ ရုံးထဲက ၆ ယောက်ထွက်လာပြီးလုပ်တာပါ။ ၄ယောက်ကဝိုင်းပြီးထိုးတာ ကျန်တဲ့ ၂ယောက်ဆွဲတာမနိုင်ဘူး။ ပြီးတော့သူတို့အားလုံး အရက်တွေမူးနေတာ” လို့သူကပြောပါတယ်။

ဏ/၁၄ ရပ်ကွက်မှာလည်း ရပ်ကွက်အုပ်ကြီးအိမ်မဲကြီးစျေးကို သူ့ကားနဲ့ဖြတ်အလာ နနွင်းဓါတ်ခြင်ဆေးရောင်းတဲ့ အဖွားအိုစျေးဗန်းကားနဲ့ မလွတ်ဘူးဆိုပြီး စျေးဗန်းသိမ်းဆည်းသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

“ အမေကြီးသနားပါတယ်ဗျာ။ ငိုပြီးဘယ်သူ့တိုင်လို့ရလဲဆိုပြီးမေးနေတာ။ ခွေးသူတောင်းစားအုပ်ကြီးက စစ်တပ်နဲ့ပေါင်းပြီးချမ်းသာနေပြီ။ ကားတွေမြေကွက်တွေဝယ်ထားပြီ။ မြေအလွတ်တွေရောင်းစားတယ်။ ကျူးဆိုပြီးနေတဲ့သူတွေမောင်းထုတ်တယ်။ အိမ်ဆောက်ရင် ၆ သိန်းတောင်းတယ်။ မီးလျှောက်ရင်၂ သောင်း တောင်းတယ်” လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်း ညစဥ်သေနတ်ပစ်ဖောက်သံများကြားရပြီး ရပ်ကွက်အုပ်ကြီးတွေကို စစ်တပ်ကသေနတ်ပေးထားတဲ့အတွက် ညဘက်မှာမူးရူးပြီး သေနတ်ပစ်ဖောက်မှုတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

MK-005

#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒီမော့ဆို PDF တပ်ရင်း (၁၁၀၆) ဆေးတပ်သားသင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းပြုလုပ်ခဲ့ပြီး သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ လူငယ်အကယ်ဒမီကောလိပ်ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေပေးနေ

ကရင်နီပြည်နယ်မှာရှိတဲ့ လူငယ်အကယ်ဒမီကောလိပ် -YAC ကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာတွေမျှဝေသင်ကြားပေးနေပြီး လက်ရှိမှာ အယောက် ၆၀ ကို သင်ကြားနေတယ်လို့ ကောလိပ်တည်ထောင်သူ ကိုခူးပရေးရယ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ ၃ လနီးပါး တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးသူ ၆၀ ကျော်အထိ ရှိလာ

ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့ စစ်ရှောင် စခန်းတွေမှာ ရေလှူဒါန်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ရေလှူဒါန်းခဲ့တယ်လို့ Karenni Hope က တာဝန်ရှိသူ ကိုလွမ်းက ဧပြီလ ၁၇ ရက်နေ့က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now