မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ စစ်ကောင်စီစစ်မှုထမ်းဖို့ ကျေးရွာတွေမှာသွားမယ် သူတွေမရှိတာကြောင့် တစ်ဦးကို သိန်း ၁၅၀ ပေးပြီး လူအစားထိုးရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျေးရွာအလိုက် အိမ်ထောင်စာရင်းထဲမှာ အသက် ၂၄ နှစ်အထက်လူငယ် အမျိုးသားတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လ ဒုတိယအပတ်မှာ စစ်မှုထမ်းဖို့ စာရင်တွေလာပေးပြီး တစ်ရွာကို လူ ၃၀ ဦးအထက်သွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ တစ်သုတ်ကို ၂ယောက်သွားရတယ် သွားတဲ့သူတွေလည်းမရှိတော့ အစားထိုးသွားရတယ်၊ အစားထိုးဖို့က တစ်ယောက်ကို သိန်း၁၅၀ ပေးတော့ တစ်အိမ်ကို ၅ သောင်းအထက်ပေးရတယ် တစ်သုတ်နဲ့တစ်သုတ်တော့ မတူဘူး တစ်ရွာနဲ့တစ်ရွာလည်းမတူဘူး” လို့ ပြောပါတယ်။
ရပ်စောက်မြို့မှာ ဒေသထွက်သီးနှံ့တွေ စိုက်ပျိုးတာဖြစ်ပြီး ကုန်စေ◌ျးနှုန်းတွေ အစမတန်တက်တာကြောင့် ပိုက်ဆံမရှိတဲ့သူတွေက ပိုက်ဆံမပေးနိုင်လို့ ဆင်းရဲတဲ့သူတွေ စစ်မှုထမ်းဖို့ သွားရတဲ့လို့ သူကဆက်ပြောခဲ့ပါတယ်။
အဆိုပါကျေးရွာဟာ ရွာမ၊ ငှက်ပျော်ကျင်း၊ ရေပျံ၊ ဇီဖြူတော်၊ ဆင်သေ၊ ထင်ရှူးပြာ စတဲ့ကျေးရွာတွေကို စစ်ကောင်စီကမဲစနစ်နဲ့ ကောက်ခံတာမရှိပဲ စစ်မှုထမ်းဖို့ လူလိုအပ်သလို့ ခေါ်ယူနေတဲ့လို့ နောက်ထက်ကျေးရွာတစ်ဦးကပြောပါတယ်။
“ တစ်ရွာနဲ့တစ်ရွာ အိမ်ခြေတွေ လူဦးရေးတွေမတူတော့ သူကြီးတွေကိုခေါ်ပြောတယ် ဒီအပတ်လူ ဘယ်နှစ်ယောက်လာပို့၊ သူကြီးတွေက ပို့ပေးရတာပေါ့၊ နောက်ဆက်ဖြစ်သွားမယ်ဟာတွေကိုတော့ ဘယ်လိုလုပ်ရမှာလဲမသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်မှုထမ်းဖို့ စာရင်းတွေစကောက်ယူကတည်းက လူငယ်အလတ်ပိုင်းတွေက ပြည်ပကိုထွက်ခွာတာ များတာကြောင့် ရွာသူကြီးတွေ လူအစားထိုးဖို့ ပိုက်ဆံအများကောက်ယူနေရတယ်လို့ သူကဆိုပါတယ်။
MK 011