မြန်မာ့နွေဦး

မူဆယ်-ကွတ်ခိုင်ကြားက စစ်ကောင်စီနေရာ ၃ ခုကို KIA တိုက်ခိုက်

မဲခေါင် 17 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၇ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရာလမ်းကြောင်း တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် - ကွတ်ခိုင် ပြည်ထောင်စု လမ်းမ အနီးတကြော ၃ နေရာမှာ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က KIA ဘက်က စစ်ကောင်စီကို သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ KIA နဲ့ နီးစပ်တဲ့သူတွေ ဆီက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရာလမ်းကြောင်း တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – ကွတ်ခိုင် ပြည်ထောင်စု လမ်းမ အနီးတကြော ၃ နေရာမှာ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က KIA ဘက်က စစ်ကောင်စီကို သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ KIA နဲ့ နီးစပ်တဲ့သူတွေ ဆီက သိရပါတယ်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်ကနေ ၂ နာရီ ၂၀ မိနစ်ခန့်အထိ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်ကြား နမ့်ဖလွန် အနီးရှိ ဖာခေတ်ကုန်းရှိ စစ်ကောင်စီတပ်ကို KIA တပ်ရင်း ၉ နဲ့ အထူးစစ်ဆင်ရေးအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့အပြင် မုံးကိုးဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီကားတန်းကို ကွတ်ခိုင်အနီး ရှုခင်းသာမှာ စောင့်ကြိုတိုက်ခိုက်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဖာခေတ်မှာ စုနေတဲ့ စစ်ကောင်စီတွေကို KIA ဘက်က လာပစ်တာရှိတယ်” လို့ ဒေသခံ အမျိုးသား ၁ ဦး ကပြောပါတယ်။

ဒါ့အပြင် ညနေ ၆ နာရီကျော်က နမ့်ဖတ်ကာ အရှေ့ဘက်ရှိ ခိုးမုန်းရွာအပေါ်ဘက်က ကောင်ရာတောင်မှာ စခန်းထိုင်တဲ့ စစ်ကောင်စီ ခလရ ၁၂၃ ကို KIA တပ်ရင်း ၉ က လာရောက် တိုက်ခိုက် ဖျက်ဆီးလိုက်ပြီး ၆ နာရီ ၄၀ မိနစ် ဝန်းကျင်မှာတော့ KIA ဘက်က ပြန်ထွက်သွားကြတယ်လို့ KIA နဲ့ နီးစပ်သူ ၁ ဦး က ပြောပါတယ်။

“ခါတိုင်း အဲဒီ ကောင်ရာ နေရာမှာ စစ်ကောင်စီတွေ လာလာနေတဲ့ နေရာမှာ ဒီညနေတော့ KIA တွေ သွားနေနေတာ။ အဲဒီမှာ စစ်ကောင်စီတွေက သူတို့ တာဝန်ကနေ အဲဒီဘက်ဝင်လာချိန် ဒဲ့တိုး ထိပ်တိုက်ဖြစ်သွားပြီးတော့ အဲမှာ တော်တော်ကြာ တိုက်ပွဲပြင်းသွားတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က အချို့ ရွာတွေဘက် ထွက်ပြေးသွားပြီး လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်တာရှိသလို နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ ခလရ ၁၂၃ တပ်မှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ကူ နေတာကြောင့် ခါဆန်ရွာက လီဆူဘုရားကျောင်းအနီး လက်နက်ကြီးတွေ ကျကွဲလို့ ရွာခံတွေလည်း တိမ်းရှောင်နေရပါတယ်။

ဒေသခံ အမျိုးသမီး ၁ ဦးကလည်း “ကျွန်မတို့ နမ့်အွမ်ကနေ ပစ်ခတ်သံတွေ ကြားနေရတယ်။ ဘယ်ကနေ ဘယ်ကို ပစ်နေတာလဲမသိဘူး” လို့ ပြောပါတယ်။

အဲဒီအနီးနားရွာဖြစ်တဲ့ ခါဖောက်ရွာမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပြည်သူ ၁ ဦးရဲ့ နွားတင်းကုပ်မှာ ထိမှန်ပြီး နွား ၄ ကောင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ ညနေပိုင်း ၄ နာရီကျော်ခန့်ကလည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ရွာအနီးရှိ ဖာခေတ်ကုန်းက စစ်ကောင်စီ တပ်စခန်းကို KIA ဘက်က လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေက ပြောပြပါတယ်။

လတ်တလော မူဆယ်နဲ့ လားရှိုး လမ်းကြော အနီးနား တလျှောက် စစ်ကောင်စီနဲ့ KIA တို့အကြား ခပ်စိပ်စိပ် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

အဲဒီနေရာတွေမှာတော့ စစ်ကောင်စီအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ KIA တပ်မဟာ ၄ နဲ့ ၆၊ TNLA၊ ကိုးကန့် MNDAA၊ PDF တို့ အဓိက လှုပ်ရှားသွားလာတဲ့ နေရာတွေဖြစ်ပြီး လက်ရှိ စစ်ကောင်စီဘက်က KIA တွေ လှုပ်ရှားသွားလာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ KIO/KIA ဌာနချုပ် အနီးဝန်းကျင် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

CJ-008

#MeKongNews

#စစ်ကောင်စီ

#KIA

#မူဆယ်

#ကွတ်ခိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်မှာ စစ်တပ်အကာအကွယ်ယူပြီး RCSS က တပ်သားသစ် စုဆောင်း

ဗထူးတပ်မြို့ အနီးက ကျေးရွာတွေမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က တပ်သားသစ် အဓမ္မစုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်တွေ ဖြတ်တိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘူးလို့ KNU ဆို

စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို KNLA၊ KNDO နဲ့ PDF တို့က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လူထုတိုက်ပွဲ စက္ကူလေယာဉ်သပိတ် အင်းလေးအမျိုးသမီးသမဂ္ဂ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က ဧပြီ ၁၇ ရက် နေ့မှာ လူထုတိုက်ပွဲ၊ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ကနေ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူ ၃၀၀ ကျော် ရိက္ခာအရေးပေါ် လိုအပ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့ ဟိုခဲရပ်ကွက်က ဒေသခံ ၃၀၀ လောက် စားရေရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ယင်းစစ်ဘေးရှောင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်နဲ့ ကားတစ်စီး သိမ်းမိ

မဲခေါင်၊ ဧပြီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အနောက်တောင်ဘက် တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ခိုလမ်မြို့အထွက်က စစ်ကောင်စီဂိတ်မှာ သွားလာသူတွေကို ငွေတောင်းနေ

စစ်ကောင်စီဂိတ်မှာ သွားလာတဲ့သူတစ်ချို့ကို စစ်ကောင်စီတပ်သားတွေက ဧပြီ ၁၆ ရက်မှာ သေနတ်ထောက်စစ်ဆေးပြီး တစ်ဦးကို ငွေတစ်သိန်းတောင်းလို့ ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ မဲနှိုက်ခွင့်မပေးဘဲ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာ

တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ကို မဲနှိုက်ခွင့်မပေးဘဲ ချက်ချင်း စစ်မှုထမ်းဆင့်ခေါ်စာနဲ့ ရောက်လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နိုင်ငံရေးပို့စ်တွေ မျှဝေလို့ အင်းလေးဒေသခံ ၂ ဦး ဖမ်းခံရ

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမ၊ ပြင်လွန်ရပ်မှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ဦးဟာ ဒီနေ့ (ဧပြီ ၁၇)အထိ ပြန်မလွတ်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now