ဒေသတွင်းသတင်း

ဖမ်းဆီးခံ ချိုးဖြူပျောက်ကြားတပ်ဖွဲ့ ရဲဘော်တစ်ဦး အဆက်အသွယ်မရသေး

မဲခေါင် 29 Dec - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့အဝင်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ချိုးဖြူ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ (JPRF)ရဲ့ ရဲဘော်တစ်ဦးဟာ ဒီနေ့ (ဒီဇင်ဘာ ၂၉)အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့အဝင်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ချိုးဖြူ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ (JPRF)ရဲ့ ရဲဘော်တစ်ဦးဟာ ဒီနေ့ (ဒီဇင်ဘာ ၂၉)အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့က ဖမ်းခံလိုက်ရတာ ဖြစ်ပြီး လက်ရှိမှာ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)ရဲ့ စစ်ကြောရေးစခန်းမှာ ချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။

JPRF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သူအဖမ်းမခံရခင် အစောပိုင်းမှာ ကျနော်တို့ အဖွဲ့က တပ်သား တစ်ယောက် အလင်းဝင်သွားတယ်။ အဲဒါကြောင့်လည်း ဖြစ်နိုင်သလို တန်ဆိုင်တိုင်ပွဲ သူက မြို့တွေ အဝင်အထွက်များတော့ ရိပ်မိသွားတာလည်း ဖြစ်နိုင်တယ်။ အဆက်သွယ်တော့ မရသေးဘူး။ ကျနော်တို့အဖွဲ့က အစွမ်းကုန်ကြိုးစားပြီး လိုက်ပေးနေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ JPRF ရဲ့ တာဝန်ခံ ကိုဂျိုကာ ဖြစ်ပြီး JPRF ရဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook Page) ကိုလည်း စီမံခန့်ခွဲနေသူလို့ သိရပါတယ်။

ဒါကြောင့် JPRF အနေနဲ့ လုံခြုံရေးအရ Page အသစ် ထပ်မံဖွင့်ထားရပြီး ကိုဂျိုကာနဲ့ အဆက်အသွယ်ရှိသူတွေ အားလုံး သတိဝိရိယနဲ့ သွားလာကြဖို့ ရွာငံ PDF ရဲ့ တပ်ဖွဲ့ဝင် တစ်ဦးက အခုလို သိပေးထားပါတယ်။

“သူ့မှာက Page ၂ ခုလုံး ပါသွားတော့ ကျန်တဲ့ ရဲဘော်တွေ အနေနဲ့ သူနဲ့ ပတ်သက်တဲ့ ဖုန်းနံပါတ်လေးတွေ၊ သူ့အကောင့်နဲ့ စကားပြောထားတာလေးတွေက စစ်ကြောရေးမှာ ပေါ်မှာပဲ ဆိုတော့ ဖုန်းအစိမ်းနဲ့ ခေါ်လာရင် သတိထား ကိုင်ကြဖို့ သိထားသွားလာကြဖို့ ပြောချင်တယ်”

ဓနုဒေသ ဖြစ်တဲ့ ရွာငံနဲ့ ပင်းတယမြို့နယ်တို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ အတွင်းက ရဲဘော်တချို့ဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစပြီး လက်နက် ခဲယမ်း ရှားပါးခြင်း၊ စားနပ်ရိက္ခာ ခက်ခဲလာခြင်း၊ ဘဏ္ဍရေး အားနည်းခြင်း၊ ဒေသတွင်း ပျူစောထီးတွေ အားကောင်းလာတာနဲ့အတူ စစ်ရေးလှုပ်ရှားဖို့ ခက်ခဲလာခြင်း စတဲ့ အကြောင်းအရာတွေကြောင့် စစ်ကောင်စီထံ အလင်းဝင်သွားကြတယ်လို့ စုံစမ်း သိရပါတယ်။

CJ-007

#MeKongNews

#ရဲဘော်

#စစ်ကောင်စီ

#ဂျိုးဖြူ

#ဆက်သွယ်

#ပြတ်တောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ်
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now