ဒေသတွင်းသတင်း

ပင်းတယမှာ လူငယ်တွေကို စက်ပြင်နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီးသင်တန်းပေးဖို့ ကြိုးစားပေမယ့် မအောင်မြင်

မဲခေါင် 28 Nov - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ စစ်ကောင်စီက လူငယ်တွေကို စက်ပြင်နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီး သင်တန်းပေး အင်အားစုဆောင်းဖို့ ကြိုးစားပေမယ့် တက်ရောက်သူ နည်းပါးလို့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ စစ်ကောင်စီက လူငယ်တွေကို စက်ပြင်နဲ့ ကာယသင်တန်း ဗန်းပြပြီး ပျူစောထီး သင်တန်းပေး အင်အားစုဆောင်းဖို့ ကြိုးစားပေမယ့် တက်ရောက်သူ နည်းပါးလို့ မအောင်မြင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပင်းတယမြို့နယ်၊ တံတားကြီးကျေးရွာ၊ တပ်ကုန်းဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၃၀ ခန့်က ရွာကလူငယ်၂၀ ခန့်ကို စုဝေးခိုင်းပြီး စက်ပြင်နဲ့ ကာယသင်တန်း တက်ပြီး ၎င်းတို့နဲ့ လိုက်ခဲ့ရမယ်လို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စက်ပြင် သင်တန်း၊ ကာယ သင်တန်း တက်ရမယ်ဆိုပြီး လူငယ်၊ လူလတ်ပိုင်း ၂၀ ကို အတင်းခေါ်ပြီး ဘုန်းကျောင်းမှာ ခေါ်ပြောတာ။ တကယ် သင်တန်းလည်း စရော တက်မယ့်သူ တဖြည်းဖြည်းလျော့ပြီး အခု ၃ ယောက်ပဲကျန်တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စက်ပြင်သင်တန်း ပထမအဆင့် ရွာဘုန်းကြီးကျောင်းမှာ တစ်လတက်ပြီးပါက နောက်တဆင့် တက်ဖို့ မြို့ကို သွားရမယ်လို့ စည်းရုံးခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေကတော့ ဒီသင်တန်း အကြောင်းပြပြီး ပျူစောထီးအဖြစ် စစ်အင်အား စုဆောင်းမှာ စိုးရိမ်တဲ့ အတွက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ အုံအက်ရွာက ရွာသား အများစု အပါအဝင် ၁၇ ဦး နှုတ်ထွက်သွားတာကြောင့် ကျန်ရှိတဲ့ တံတားကြီးရွာသား ၃ ဦးကိုသာ စက်ပြင်သင်တန်း ဆက်ပေးနေရတယ်လို့ သိရပါတယ်။

အရင်ကလည်း ဓနုဒေသက ကျေးရွာတွေမှာ အခုလို သက်မွေးပညာ သင်တန်း အမည်ခံပြီး ပျူစောထီး သင်တန်းတွေ ဖွင့်လှစ်ကာ စစ်အင်အား စုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-001

MeKongNews

ပင်းတယ

ပျူစောထီး

အသက်မွေးပညာ

ဘုန်းကြီးကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ ရှိလာတယ်လို့ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now