မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း)မြို့ကို MNDAA တိုက်ခိုက်သိမ်းပိုက်

မဲခေါင် 2 Nov - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း)မြို့ကို ကိုးကန့်တပ်မတော်- MNDAAက မနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ပန်ဆိုင်းမြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း)မြို့ကို ကိုးကန့်တပ်မတော်- MNDAAက မနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ပန်ဆိုင်းမြို့ခံတွေက ပြောပါတယ်။

မနေ့ ညနေပိုင်းအချိန်မှာ စစ်ကောင်စီတပ်ရဲ့ ‌ပန်ဆိုင်းမြို့မ တပ်စခန်းကို သိမ်းပိုက်လိုက်သလို ရဲစခန်းကိုလည်း MNDAAက မီးရှိူ့ဖျက်ဆီးလိုက်ပြီး မြို့တွင်းမှာ ဝင်ရောက်နေထိုင်လိုက်တယ်လို့ ဆိုပါတယ်။

” ရဲစခန်းနဲ့ မြို့နားကစခန်း ကျသွားပြီ။ ကိုးကန့်တွေ အဲမှာဝင်ထိုင်နေပြီ။ ရဲစခန်းက မနေ့ညကတည်းက မီးလောင်နေတာ။ စစ်တပ်က လေယာဉ်နဲ့ မြို့ထဲလာကြဲနေတာ” လို့ ပန်ဆိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာနယ်စပ်ပို့ကုန် ၉၀ ရာခိုင်နှုန်းခန့် ကုန်သွယ်လျက်ရှိတဲ့ မူဆယ်မြို့နယ်ထဲက ဂိတ် ၂ ခုမှာ တစ်ခုရှိတဲ့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကြူကုတ်(ပန်ဆိုင်း)မြို့ဟာ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

MNDAAက ပန်ဆိုင်းမြို့ထဲ ဝင်ရောက်နေထိုင်တာကြောင့် စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ပန်ဆိုင်းမြို့နယ် နမ့်ပါတပ်ကျေးရွာမှာ လက်ရှိသတင်းရေးသားနေချိန်အထိ စစ်ကောင်စီတပ်နဲ့ MNDAAတို့ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ခံတွေ ဝမ်တိန်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

” စစ်တပ်ကလေယာဉ်နဲ့ ပစ်လို့ ကျမတို့အိမ် တစ်ဘာမှရစရာမရှိတော့ဘူး။ ‌အခုချိန်ထိ သူတို့ပစ်နေကြတုန်းဘဲ။ ကျမတို့ တရုတ်ပြည်ထဲပြေးမလို့ တရုတ်က ပေးမဝင်တော့ ဝမ်တိန်တံတားအောက်မှာ နေကြတယ် “ လို့ နောက်ထပ် မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ အိမ်ထောင်စု (၁၀၀၀)ဝန်းကျင်ရှိပြီး တရုတ်-မြန်မာနယ်စပ် ဝမ်တိန်ဂိတ်အနီးမှာ တိမ်းရှောင်ကြတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း)မြို့ရှိ တပ်စခန်းတွေကိုဆုံးရှူံးလိုက်ရကြောင်း ပြောဆိုထားပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာလည်း တိုက်ပွဲအခြေနေတွေကြောင့် စစ်ကောင်စီခန့်ဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲက ကုန်ပစ္စည်းတွေ ပိတ်မိနေသလို ရက်လွန်လို့ ကုန်စည်အချို့ ဆုံးရှုံးနေရပါတယ်။

CJ – 014

#MeKongNews

#Operation1027

#MNDAA

#ကြူကုတ်

#ပန်ဆိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ “အသက်ပေးပြီး ကျွန်ခံနေတာ” လို့ PNFC အတွင်းရေးမှူး ပြော

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အသက်ပေးပြီး ကျွန်ခံနေတာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးက ပြောကြားလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now