ဒေသတွင်းသတင်း

ညောင်ရွှေ မင်းချောင်းရွာမှာ ပိုက်ဆံယူပြီး မူးယစ်ဆေးဝါးရောင်းချခွင့်ပေးတဲ့ ရာအိမ်မှူးကို အင်းလေး JMC-I သတိပေး

မဲခေါင် 19 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ မင်းချောင်းအုပ်စုက မင်းချောင်းအရှေ့ရွာ ရာအိမ်မှူးကို ကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေထံက အခွန်ငွေယူကာ ရောင်းချပေးနေမှုအပေါ် အင်းလေးဒေသ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ JMC-I ကမတ် ၁၈ ရက်မှာ သတိပေးစာပေးပို့လိုက်တယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ မင်းချောင်းအုပ်စုက မင်းချောင်းအရှေ့ရွာ ရာအိမ်မှူးကို ကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းချနေသူတွေထံက အခွန်ငွေယူကာ ရောင်းချပေးနေမှုအပေါ် အင်းလေးဒေသ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ JMC-I ကမတ် ၁၈ ရက်မှာ သတိပေးစာပေးပို့လိုက်တယ်လို့ သိရပါတယ်။

မင်းချောင်းအရှေ့ရွာ ရာအိမ်မှူး ဦးကျော်မြင့် ဆိုသူထံ ယင်းစာကို ပေးပို့လိုက်တာဟာ ရွာက ကလေးတွေ မူးယစ်ဆေးဝါးအများအပြားသုံးစွဲလာတာကို မိဘတွေက မူးယစ်ဆေးရောင်းသူတွေကို မရောင်းဖို့ ပြောကြတဲ့အခါမှာ ရာအိမ်မှူးကို အခွန်ပေးပြီးရောင်းတာ ဘာဖြစ်လဲဆိုတဲ့သဘောမျိုး တွေ့ကြုံနေရတဲ့အတွက် ယခုလို စာထုတ်ရတာလို့ JMC-I ရဲ့ ဒါရိုက်တာ ဒေါ်ယုလှိုင်သင်းက မဲခေါင်ကိုပြောပါတယ်။

အဝေးရောက်နေပေမယ့် ဇာတိရွာရဲ့ ကောင်းကျိုးကိုတော့ ကြည့်ရမယ်၊ ခုက မူးယစ်ဆေးရောင်းသူတွေက အခွန်ပေးပြီးရောင်းတာ တရားဝင်စကားမျိုးပြောလာပြီး သားသမီးတွေ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ရတာကို တားဆီးချင်တဲ့ မိဘတွေကို ပြန်ဆက်ဆံလာနေတာဟာရွာက လူငယ်တွေကို ပျက်စီးဖို့ ကျေးရွာကို ဖျက်ဆီးနေတာဖြစ်တယ်၊ ဒါကြောင့် တာဝန်ရှိတဲ့ ရာအိမ်မှူးကို သတိပေးစာပေးပို့ရတာဖြစ်တယ်လို့ မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

မင်းချောင်းရှေ့ ရာအိမ်မှူးဟာ အခွန်ယူပြီး မူးယစ်ဆေးရောင်းခွင့်ပြုတာအပြင် အဝေးဧည့်စာရင်းတိုင်ရင် ကျပ်ငွေ၃ သိန်းတောင်းတာ၊ ကရင်နီစစ်ဘေးရှောင်တွေကို ရွာမှာ အကြောင်းအမျိုးမျိုးပြပြီး လက်မခံတာ၊ လူသားချင်း ကိုယ်ချင်းစာနာစိတ်မထာားဘဲ မကူညီတာ၊ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ပျူစောထီးတွေကို စည်းရုံးပေးတာတွေလုပ်နေတယ်လို့သူက ဖြည့်စွက်ပြောပါတယ်။

လက်ရှိ အာဏာပါဝါကို အလွဲသုံးစားလုပ်နေတဲ့အပေါ် သတိပေးတာဖြစ်ပြီး မလိုက်ခဲ့ရင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မူဝါဒအတိုင်းပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးစာမှာ ဖော်ပြပါရှိပါတယ်။

မင်းချောင်းအရှေ့ရွာဟာ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်ကမ်းမှာ တည်ရှိပြီး မင်းချောင်းအုပ်စု ၆ရွာထဲက တစ်ရွာဖြစ်ကာ ရေ ၆ လ ၊ ကုန်း ၆ လ ရွာဖြစ်တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ပျက်စီး

စစ်ကောင်စီရဲ့ ဆိုက်ခေါင်အထိုင်ချ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မွေတော်ဘုရားကုန်း ပျက်စီးနေတဲ့ပုံတွေ ဒေသသတင်းအရင်းအမြစ်တွေ လူမှုကွန်ရက်မှာဖော်ပြပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းစာရင်းနဲ့ ထောက်ပံ့ငွေ လိုက်ကောက်နေ

ညောင်ရွှေမြို့နယ် ကျေးရွာအားလုံးကို စစ်မှုထမ်းဖို့ နာမည်စာရင်းတွေနဲ့အတူ ထောက်ပံ့ငွေပေးဖို့ တစ်အိမ် ကျပ် ၂ သောင်းကို အုပ်ကြီးတွေက ကောက်ခံနေတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့က စစ်ကောင်စီဝန်ထမ်း၊ တပ်မိသားစုတွေ တရုတ်ဘက် ထွက်ပြေးဖို့ ညှိုနှိုင်းနေ

စစ်ကောင်စီနဲ့ ဝန်ထမ်း၊ တပ်မိသားစုတွေ မတ်လ ၂၉ ရက်နေ့ မနက်မှာ တရုတ်နယ်စပ်ဘက် ဝင်ရန် ညှိနှိုင်း‌နေကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်က နန်းတုတ်ရွာကို စစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်

ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြောင်းခြံတွေထဲ ကျပြီး မီးကူးစက်လောင်ကျွမ်းမှုတွေ ရှိခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now