အာရှသတင်း

စင်ကာပူမှာ ကားတစ်စီးပိုင်ဖို့ ဒေါ်လာ ၁၀၆၀၀၀ အထိ သုံးစွဲရ

မဲခေါင် 5 Oct - 2023
စင်ကာပူနိုင်ငံဟာ သေးငယ်တဲ့ကျွန်းနိုင်ငံလေးဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှုတားဆီးကာကွယ်ရေး စနစ်ကို ၁၉၉၀ ပြည့်နှစ်က ၁၀ နှစ်စာ ကားပိုင်ဆိုင်ခွင့်စနစ် Certificate of Entitlement (COE) ကို ထုတ်ပြန်ခဲ့ရာ အခု COE ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေလို့ မိသားစု ကားတစ်စီးပိုင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀၆၆၁၉ ဒေါ်လာ အထိ သုံးစွဲနေရကြောင်း သိရှိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၅

စင်ကာပူနိုင်ငံဟာ သေးငယ်တဲ့ကျွန်းနိုင်ငံလေးဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှုတားဆီးကာကွယ်ရေး စနစ်ကို ၁၉၉၀ ပြည့်နှစ်က ၁၀ နှစ်စာ ကားပိုင်ဆိုင်ခွင့်စနစ် Certificate of Entitlement (COE) ကို ထုတ်ပြန်ခဲ့ရာ အခု COE ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေလို့ မိသားစု ကားတစ်စီးပိုင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀၆၆၁၉ ဒေါ်လာ အထိ သုံးစွဲနေရကြောင်း သိရှိရပါတယ်။

ကားကိုယ်ပိုင်ဝယ်လိုတဲ့ စင်ကာပူသားတိုင်းဟာ COE ရမှ ဝယ်ခွင့်ရှိပြီး အစိုးရက ၂ ပတ်တစ်ခါ COE တွေကို နံပါတ်အရေအတွက် ကန့်သတ်ပြီး ရောင်းချပေးတာဖြစ်ပါတယ်။

အခွန်နဲ့ ကားတင်သွင်းခွန်ကိုလည်း မြင့်မားစွာ သတ်မှတ်ထားတာကြောင့်စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကားတစ်စီးတန်ကြေး အမြင့်ဆုံးနိုင်ငံအဖြစ် စံချိန်တင် နေတာဖြစ်ပါတယ်။ ဥပမာ တိုယိုတာ Camry Hybrid ကားတစ်စီးပိုင်ဖို့ စင်ကာပူမှာကုန်ကျစားရိတ်က အခွန်တွေနဲ့ COE ခအပါအဝင်ဆို စင်ကာပူဒေါ်လာ ၂၅၀၀၀၀ ရှိပြီး အမေရိကန်မှာ ဒီလိုကားဝယ်တဲ့ဈေးထက် ၆ ဆအထိမြင့်မားနေပါတယ်။

ကားငယ်တွေ၊ မော်တော်ဆိုင်ကယ်နဲ့ လုပ်ငန်းသုံးယာဉ်တွေအတွက် COE တန်ကြေးအမျိုးအစားတွေ အမျိုးမျိုး ရှိပြီး ကိုဗစ်ကပ်ဆိုးကာလအပြီး ဝယ်လိုအားတွေ အရမ်းမြင့်တက်လာလို့ အစိုးရက နောက်နှစ်မှာ ပိုမိုတင်းကြပ် ဈေးကြီးတဲ့ COE စနစ်ကို ထုတ်ပြန်မယ်ဆိုတာကြောင့် ဒီလပိုင်းတွေထဲ ကားဈေးနှုန်းက စံချိန်တင်မြင့်တက်လာ ခဲ့တာဖြစ်ပါတယ်။

ဈေးအပေါဆုံးကားတစ်စီးတန်ကြေးက လက်ရှိမှာ စင်ကာပူဒေါ်လာ ၁၀၄၀၀၀ ရှိပြီး ၂၀၂၀ ကထက် ၃ ဆ ပိုဈေးတက်လာတာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံသားတွေထဲမှာ လက်ရှိကားဈေးကြောင့် နိုင်ငံရဲ့ ပျမ်းမျှလစာနှုန်း စင်ကာပူဒေါ်လာ ၇၀၀၀၀ ရရှိ သူတွေ ကားတစ်စီးပိုင်ဆိုင်နိုင်ဖို့ အလွန်ခက်ခဲတဲ့အနေအထားရှိနေပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ရှင်းလင်းဖို့ ကားဟောင်းတွေကို လမ်းပေါ်ကဖယ်ရှားမှုတွေလုပ်နေသလို နောက် ၁၀ စုနှစ်စာအတွက် ခရီးသွား လာရေးအဆင်ပြေစေဖို့ ရထားလမ်းကွန်ရက်သစ်ကို စင်ကာပူဒေါ်လာ ၆၀ ဘီလီယံသုံးစွဲပြီး မနှစ်ကတည်းကစလို့ စီမံကိန်းစတင်နေပြီဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ . ၅ သန်းနေထိုင်ပြီး မနှစ်ကနှစ်ကုန်စာရင်းအရ ကိုယ်ပိုင်ကား ၁ သန်းသာ ရှိကြောင်း သိရပါတယ်။

Ref:BBC
MKF-001

#MeKongNews

#စင်ကာပူ

#ကား

#တန်ကြေး

#ပိုင်ဆိုင်ခွင့်

#ဒေါ်လာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now