ရှမ်းပြည်နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်းကာတောင်ကုန်းအဆင်းမှာ မနေ့ နိုဝင်ဘာ ၁၉ ရက်က ခရီးသည်ကားတစ်စီး ချောက်အတွင်းထိုးကျပြီး ခရီးသည် ၂ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ကျိုင်းတုံကနေ တောင်ကြီးဘက်ကိုလာတဲ့ ခရီးသည် အံစာတုံးအမျိုးအစားကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀၀ နက်တဲ့ ချောက်ထဲကို ထိုးကျခဲ့တာပဲ ဖြစ်ပါတယ်။
ယာဥ်တိမ်းမှောက်ခဲ့တဲ့အတွက် ယာဥ်မောင်းတစ်ဦးနဲ့ ခရီးသည်တစ်ဦး သေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ ခရီးသည် အမျိုးသား ၂ဦးနဲ့ အမျိုးသမီး ၂ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံကို တုံတာလူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။