မဲခေါင်၊ သြဂုတ် ၂၃
ကရင်နီပြည်နယ်၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF ရဲ့ “ ကရင်နီပြည်ရောက် ‘မအလ’ တပ်မ ပျောက်” ကမ်ပိန်းကို ဒီနေ့က စတင်ပြုလုပ်နေပြီလို့ ကမ်ပိန်း တာဝန်ခံက ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲကာလ ရှည်ကြာလာပြီး စစ်ရေးအရှိန် မြင့်နေတာဖြစ်လို့ ကျည်ဆန် အများအပြား ဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ အဓိက ကျည်တွေဖြည့်ဖို့ လိုတယ်ပေါ့နော်။ ၃ လပိုင်းကစပြီး တ်ိုက်ပွဲက တောက်လျှောက်ပဲပေါ့နော်။ သက်တမ်းကြာလာတဲ့ တိုက်ပွဲတွေမှာ သုံးဖို့ ကျည်တွေ အရမ်းလိုလာတယ်။ တန်ပြန်တိုက်စစ်တွေ ပြန်လုပ်နိုင်ဖို့ အတွက်ပေါ့နော်။ အဓိကကတော့ ကျည်ဖြည့်ဖို့နဲ့ ကျည်တွေ ပြန်လည် စုဆောင်းဖို့ ဖြစ်တယ်” လို့ ကမ်ပိန်း တာ၀န်ခံက ပြောပါတယ်။
ကမ်ပိန်းကာလကို သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၂၃ ရက်နေ့ထိ သတ်မှတ်ထားပြီး ကျပ်သိန်း တစ်သောင်း ရရှိဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကမ်ပိန်းက ရရှိငွေတွေကို ဗျူဟာ ၆ မှာ ပါဝင်တဲ့ တပ်ရင်းတွေဖြစ်တဲ့ KNDF B-09 ၊ B-10 ၊ B-15 တပ်ရင်းတွေမှာ ကျည်ဆန် ဖြည့်တင်းသွားမယ်လို့ သိရပါတယ်။
ကမ်ပိန်းကာလ တစ်လတာအတွင်း ပြည်တွင်း ပြည်ပက တော်လှန်ရေးကို အထောက်အကူ ပြုလိုသူတိုင်း ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
CJ-004
#MekongNews
#KNDF
#ကရင်နီပြည်ရောက်မအလတပ်မ_ပျောက်
#တော်လှန်ရေး