စီးပွားရေး

ကုန်ဈေးနှုန်းကျဆင်းရေး လော်စပီကာနဲ့ လိုက်အော်နေတဲ့ စစ်ကောင်စီက မူဝါဒတွေထပ်ထုတ်ပြီး ထိန်းချုပ်မယ်လို့ ဆို

မဲခေါင် 23 Aug - 2023
မဲခေါင်၊ သြဂုတ် ၂၃ ကုန်ဈေးနှုန်းကျဆင်းဖို့ မြို့နယ်တွေမှာ လော်စပီကာနဲ့ လိုက်လံအော်နေတဲ့ စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်‌မှုကို လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပြီး ထိန်းညှိသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မဲခေါင်၊ သြဂုတ် ၂၃

ကုန်ဈေးနှုန်းကျဆင်းဖို့ မြို့နယ်တွေမှာ လော်စပီကာနဲ့ လိုက်လံအော်နေတဲ့ စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်‌မှုကို လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ပြီး ထိန်းညှိသွားမယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်တွင်းရှိ ဆန်၊ စပါး ဈေးနှုန်းများအပြင် ဆီဈေး၊ သား၊ငါးဈေး၊ ကြက်သွန် (ဖြူ/နီ)၊ ငြုပ်၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ အပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းက ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်စပါးအဓိကတင်ပို့နေတဲ့ နိုင်ငံကြီးတွေက ဆန်စပါးတင်ပို့မှု လျော့ချတာကြောင့် လို့ ဆိုပါတယ်။

“ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ဆန်စပါးဈေးနှုန်းကြီးမြင့်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဈေးနှုန်းဆွဲတင်နေတာတွေရှိတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တရိပ်ရိပ်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် ပြည်သူအများ စားဝတ်နေရေးခက်ခဲများစွာဖြင့်ကြုံတွေ့နေတာလို့ စီးပွားရေးလေ့လာသူတွေက ပြောထားပါတယ်။

“ အနာကဖြစ်နေတာ၊ ဘယ်နားလည်း အရင်ရှာကုရမှာကို သူတို့က စီးပွားရေးကဏ္ဍတစ်ခုက အော်လိုက် အဲ့တာကို ညှိနှိုင်းပြီးလိုက်လုပ်ပေးလိုက်၊ အဲ့တာကြောင့် အခြားကဏ္ဍဘာထိခိုက်နိုင်မလည်း မစဉ်းစားဘူး၊ သူရဲ့အားနည်းချက်က ရေတိုနည်းနဲ့ဖြေရှင်းတာဘဲ၊ သူတို့ပနာသင့် စီးပွားရေးတွေကတော့ အဆင်ပြေတယ်၊ ပြည်သူလူထုက နွံနစ်သထက်နစ်ဖြစ်နေပြီ၊ အခုနိုင်ငံရဲ့ဘယ်ကဏ္ဍဘဲဖြစ်ဖြစ် နိုင်ငံရေးအပေါ်မှာ တိုက်ရိုက်အချိုးကျနေသလိုဖြစ်နေတယ်၊ မူဝါဒပေါင်းကလည်း ရွှေ၊ဒေါ်လာဈေးလိုဘဲ၊ အချိန်နဲ့အမျှပြောင်းလဲနေတာဘာစီးပွားရေးကို တည်ငြိမ်အောင်လုပ်ဆောင်လို့ရမလဲ” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒေါ်လာရပေါက်နည်းနေတဲ့ စစ်ကောင်စီက ပြည်ပတင်ပို့မှုနဲ့ ၊တင်သွင်းခွင့်ကို ထပ်မံတင်းကြပ်လာနိုင်တာကြောင့် သွင်းကုန်များဈေးကြီးမြင့်လာပြီး မှောင်ခိုဈေးကွက်ကြီးသထက်ကြီးလာနိုင်တယ်လို့ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#စစ်ကောင်စီ

#ကုန်ဈေးနှုန်း

#လော်စပီကာ

#ဇော်မင်းထွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ထိုင်းနိုင်ငံက ပြောင်းတင်သွင်းခွင့် အခွန်ကင်းလွတ်ထားပေမယ့် ကုန်သည်တွေ တက်ဈေးစောင့်နေ

ထိုင်းနိုင်ငံက ပြောင်းကို အခွန်ကင်းမဲ့အနေနဲ့ တင်သွင်းခွင့်ပြုနေပေမယ့် ပြည်တွင်းက ပြောင်းကုန်သည်တွေအနေနဲ့ စရိတ်များပြီး မျှော်မှန်းဈေး မရောက်သေးတဲ့အတွက် ဈေးမြင့်ပေးလာမှာကို စောင့်နေကြတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးနီးပေမယ့် ဖရဲဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအားနည်းနေ

ဖေဖော်ဝါရီ ၁၀ ရက် မှာ ရောက်ရှိမယ့် တရုတ်နှစ်သစ်ကူးနေ့နီးလာပေမယ့် ဖရဲသီးဈေး သိပ်မရသေးလို့ ပြည်တွင်းဖရဲဈေးကွက်မှာ ရောင်းလိုအားသာရှိပြီး ဝယ်လိုအား နည်းနေတယ်လို့ မိုင်းလားဖရဲဈေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

ထိုင်းဘက်က ပြောင်းအဝယ်လိုက်ပေမယ့် အခွန်တွေကြောင့် တောင်သူတွေ ငွေပေါ်သာရောင်းချ

ထိုင်းနိုင်ငံက ပြောင်းအဝယ်လိုက်လာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်သို့ ပြောင်းများ ပေးပို့နိုင်သော်လည်း ပေးဆောင်ရတဲ့အခွန် ၃ ထပ်ကြောင့် အမြတ်မရှိဘဲ ငွေပေါ်ရောင်းချရတဲ့ အနေအထား ဖြစ်တယ်လို့ တောင်သူများထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now