မြန်မာ့နွေဦး

RCSS က ချောင်းမြောင်းပစ်ခတ်နေလို့ တိုက်ပွဲဆက်ဖြစ်နေတာလို့ SSPP ပြော

မဲခေါင် 24 Apr - 2023
မဲခေါင်၊ ဧပြီ ၂၄ ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ SSPP နဲ့ RCSS တို့ အခု ရက်ပိုင်း အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေရာ ရပ်တန့်ဖို့ ရှိပေမယ့် RCSS က ချောင်းမြောင်း ပစ်ခတ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မတ်လ ၂၃ ရက်မှာ SSPP က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဧပြီ ၂၄

ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ SSPP နဲ့ RCSS တို့ အခု ရက်ပိုင်း အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေရာ ရပ်တန့်ဖို့ ရှိပေမယ့် RCSS က ချောင်းမြောင်း ပစ်ခတ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မတ်လ ၂၃ ရက်မှာ SSPP က ထုတ်ပြန်ပါတယ်။

SSPP ဘက်က ပစ်ခတ်မှု ရပ်တန့်မှာ ဖြစ်ပေမယ့် RCSS ဘက်က ချောင်းမြောင်း ပစ်ခတ်တာ၊ တိုက်ပွဲ ဖော်ဆောင်တာနဲ့ မိုင်းထောင်တာတွေ အဆက်မပြတ် လုပ်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေရတယ်လို့ SSPP က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ SSPP ရဲ့ လှုပ်ရှား စစ်ကြောင်းတွေကို လဲချားမြို့နယ်ထဲက ကန်အုံ၊ ဟိုင်းဆိုင် အထိ ရောက်ရှိပြီးနောက် စစ်ရေး လှုပ်ရှားမှုတွေ ရပ်တန့်ကာ ဟိုင်းဆိုင် မြောက်ပိုင်း အထိ တပ်ဆုတ်ခဲ့ပေမယ့် RCSS က မတ်မုံဆန်းရွ မှာ တကြိမ်၊ ဧပြီ ၂၂ ရက် မတ်ကောက်ရွာမှာ တကြိမ် SSPP စစ်ကြောင်းကို ချောင်းမြောင်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် မနေ့က ဧပြီ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင် ကွန်ဟိန်းမြို့နယ်၊ နမ့်တွတ်ရွာ အနောက်ဘက်က လွိုင်ဟုန်းငူးတောင်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်း တစ်ဦး၊ M-22 တစ်လက်နဲ့ စစ်အသုံးအဆောင်တချို့၊ တပ်ရင်း တံဆိပ်ပါ လည်ပတ်တွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်တိုက်ပွဲ ရက်ပေါင်း ၉၀ ကျော်အတွင်း အရပ်သား သေဆုံးမှု ၆၆ ဦးအထိ မြင့်တက်လာ

ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း တို့တွင် တိုက်ပွဲ့ကာလ ၉၁ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်လာကာ ၆၆ ဦးထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA ကြေညာ

ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ(၁)နယ်မြေအတွင်း ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်မပြုဘူးလို့ MNDAA က မနေ့ ဧပြီလ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊ စစ်သုံးယာဥ် ၂ စီး၊လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ သတ်မှတ်အရေတွက်ထက် ကျော်လွန်ပြီး အောင်မြင်စွာ ပြီးဆုံးသွားတယ်လို့ အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now