ဒေသတွင်းသတင်း

PNLO/PNLA အမည်သုံးပြီး လူမျိုးရေးပဋိပက္ခသွေးထိုးတဲ့ ထုတ်ပြန်ချက်အတုတွေထွက်လာ

မဲခေါင် 26 Jan - 2024
ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြာင်း ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ပြီး PNLO/PNLA အမည်သုံးထားတဲ့ ထုတ်ပြန်ချက်အတုတွေ လူမှုကွန်ရက်ပေါ်မှာ ဒီနေ့ ဇန်နဝါရီ ၂၆ရက်မှာ ပျံ့နှံလာတယ်လို့ PNLA ကပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ပအိုဝ်းလူမျိုးတွေနဲ့ ကရင်နီလူမျိုးတွေကြာင်း ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ပြီး PNLO/PNLA အမည်သုံးထားတဲ့ ထုတ်ပြန်ချက်အတုတွေ လူမှုကွန်ရက်ပေါ်မှာ ဒီနေ့ ဇန်နဝါရီ ၂၆ရက်မှာ ပျံ့နှံလာတယ်လို့ PNLA ကပြောပါတယ်။

အဲဒီစာထဲမှာ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း လူဆိုး၊ သူခိုး တွေကို တိုက်ထုတ်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာမှာ ၈၀% အောင်မြင်ခဲ့ပြီး ပအိုဝ်းအမျိုးသားအလံတွေလွှင့်ထူနိုင်ခဲ့ကြောင်း၊ PNLA အနေနဲ့ မဟာမိတ်တွေနဲ့ ညှိနှိုင်းပြီး ဆီဆိုင်မြို့နယ်အတွင်း အိမ်ခြေမဲ့စွာနေထိုင်နေရတဲ့ ကရင်နီစစ်ဘေးရှောင် အိမ်ထောင်စု၄၅၂ စုကို တဘက်ကျေးရွာအုပ်စု၊ ကုန်ဆွတ်ကျေးရွာအုပ်စု၊ ပင်စုံကျေးရွာအုပ်စုတွေက လူမရှိတော့တဲ့ နေအိမ်တွေမှာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက္က စပြီး စစ်ဘေး
ရှောင်တွေရဲ့ နေအိမ်အဖြစ် ပိုင်ဆိုင်ခွင့်ပေးအပ်လိုက်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။

အဲဒီစာနဲ့ပတ်သက်ပြီး မဲခေါင်က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီလိုထုတ်ပြန်စာအတုတွေဟာ ပအိုဝ်းနဲ့ ကရင်နီကြား သွေးထိုးတာသာ ဖြစ်ပြီး PNLA အနေနဲ့ ထုတ်ပြန်ချက်တွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ PNLA News & Information Department ကနေသာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း PNLA ပြောခွင့်ရသူတစ်ဦးက ဖြေကြားပါတယ်။

“အဲဒီစာတွေက အတုတွေပါ၊ မသမာသူရန်သူတွေက စာအတူတွေလုပ်ပြီး သွေးခွဲတဲ့စာတွေပါ၊ မျိုးနွယ်စုချင်းတူတဲ့ ကျနော်တို့နဲ့ကရင်နီတွေကို သွေးခွဲပေးတာလို့ပဲ မြင်တယ်။၊ ကျနော်တို့ရဲ့ သတင်းမှန်တွေကို ကျနော်တို့ရဲ့ တရား၀င်ပေ့ချ်တွေမှာ တင်ထားပါတယ်။ ထုတ်ပြန်ချက်က အဲဒီကနေပဲ ထုတ်ပြန်ပါတယ်။ အဲဒီလိုတွေလုပ်တဲ့သူတွေက ကျနော်တို့က ပအိုဝ်းဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးလှုပ်ရှားတဲ့အခါမှာ ပအိုဝ်းဒေသကို မတည်မငြိမ်ဖြစ်စေချင်သူတွေ၊ ပအိုဝ်းဒေသကို ဖျက်ဆီးချင်သူတွေက ပေ့ချ်အတုတွေ၊ ထုတ်ပြန်ချက်အတုတွေ လုပ်ပြီး လုပ်ကြံတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြောလာပါတယ်။

လတ်တလောမှာ ဟိုပုံးမြို့၊ စံဖူးရွာ တိုက်ပွဲဖြစ်စဉ်ကအစပြုလို့ ဒီနေ့အထိ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလတွေ၊ သတင်းတု၊ သတင်းမှားတွေ ပေါ်ပေါက်လာတဲ့အတွက် သတင်းမှာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးဖို့လည်းလိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

MK – 012

#MeKongNews

#PNLO

#PNLA

#ပအိုဝ်း

#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ရေလိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေကို ရေလှူဒါန်း

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ ရေလိုအပ်နေတာကြောင့် သွားရောက်လှူဒါန်းဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ Dreams - အိမ်မက်များအဖွဲ့က တာဝန်ရှိသူက မတ်
မြန်မာ့နွေဦး

နမ့်စလပ်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP နဲ့ MNDAA တို့ ပြေလည်မှုရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီ - လောက်ကိုင်လမ်း နမ့်စလပ်အနီး MNDAA နဲ့ SSPP/SSA တို့အကြား မတ်လ ၂၆ ရက်နေ့နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေကောက်ခံနေ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် လယ်ကြားအုပ်စုမှာ စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ အုပ်ကြီးတွေက မတ်လ ၂၇ ရက်နေ့မှာ ပြည်သူတွေဆီကနေ တအိမ်ကို ၄၀၀၀၀ နှုန်း ငွေကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသား ၆၀ နီးပါး ထပ်မံဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၈ ဦးကို မတ်လ ၂၅ ရက် နေ့လည်ပိုင်းက ထပ်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now