ဒေသတွင်းသတင်း

တောင်ကြီး က.ည.န ရုံးမှာ လိုင်စင်သက်တမ်းတိုးသူတွေကို အချိန်ဆွဲ ငွေညှစ်နေ

မဲခေါင် 11 Oct - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ “ ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“ ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ မစောင့်ခင်ကတော့ ဘာမှ စစ်ဆေးတာ မရှိဘဲ အခန်းထဲရောက်မှ ပြောတော့ အချိန်ကုန်တာပေါ့။ ပိုက်ဆံ ပေးရင်တော့ ချက်ချင်းကိုရတယ်”  လို့ လိုင်စင် သက်တမ်းတိုး သွားရောက်ပြုလုပ်သူ တစ်ဦးက ပြောပါတယ်။

လိုင်စင်သက်တမ်းတိုးရာမှာ သတ်မှတ်ငွေ‌ကြေးကို ရုံးမှာ ပေးသွင်းပြီးနောက် လာဘ်ငွေကိုတော့ ပွဲစားတွေက တစ်ဆင့် ပေးရကာ မပေးပါက စာရွက်စာတမ်း မစုံလင်ဘူးလို့ အကြောင်းပြပြီး ‌အချိန်ဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီရုံးမှာ လိုင်စင် သက်တမ်း တိုးသူတွေ အနေနဲ့ စာရွက်စာတန်း‌ အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ ရုံးဝန်ထမ်းတွေ ဆက်ဆံရေး မပြေပြစ်မှု၊ ငွေကြေး ပိုမိုတောင်းခံမှုတွေ ရှိပါက တိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ် တပ်ထားပေမယ့် စာရွက်စာတမ်းကြေး ပေးရသလို ငွေကြေး ပိုမိုတောင်းခံမှု၊ ဆက်ဆံရေး မပြေပြစ်မှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

တောင်ကြီး က.ည.န အပါအဝင် ရှမ်းပြည်နယ် တဝန်းလုံးက က.ည‌.န ရုံးတွေမှာ လိုင်စင်သက်တမ်းတိုးရာမှာ ကြန့်ကြာမှုတွေရှိနေပြီး ပွဲစားတွေကနေ တစ်ဆင့် လာဘ်ငွေပေးမှသာ အဆင်ပြေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗန်းမော် – လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ဗန်းမော် - လွယ်ဂျယ်လမ်းဘက်က စစ်ကောင်စီ တပ်စခန်း တချို့ကို မတ်လ ၂၇ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နန်းတုတ်ရွာအနီးကို စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲလို့ ကားတစ်စီး ထိမှန်ပျက်စီး

နန်းတုတ်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့လည်ပိုင်းက လေယာဉ်နဲ့ မီးလောင်ဗုံးကြဲချကာ ပြောင်းတင်လှေဆိပ်ကို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

MNDAA တပ်တွေက ဒရုန်းနဲ့ ၂ ကြိမ်တိုင် စတင်တိုက်ခိုက်တာကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ SSPP က မနေ့ မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ပအိုဝ်ေးဒသ ဆီဆိုင်မြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA က ဒီနေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သီပေါ-ကျောက်မဲ ကြားက ပျက်စီးခဲ့တဲ့ ကျင်သီတံတားနေရာမှာ ယာဉ်ငယ်တွေအတွက် ယာယီတံတားဆောက်နေ

သီပေါနဲ့ကျောက်မဲမြို့တွေ အကြားက ပျက်စီးနေတဲ့ ကျင်သီတံတားဘေးမှာ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာနိုင်ဖို့ ယာယီတံတား ဆောက်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လောက်ကိုင်တွင် နေထိုင်ခွင့်ကဒ်ရှိသူတွေပါ အဖမ်းခံနေရ

MNDAA အုပ်ချုပ်ရေးမှာ နေထိုင်ခွင့်ကဒ်ရှိသူတွေပါ ဖမ်းခံနေရတယ်လို့ မတ်လ၂၄ ရက်က အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ နမ္မတူ မြို့သူ ၁ ဦးက အများပြည်သူသိစေရန် လူမှုကွန်ရက်ပေါ်တင်တဲ့ ရုပ်သံဖိုင်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကော့ဘိန်းနယ်မြေရဲစခန်းကို လေကြောင်းပစ်ကူကြားမှ သိမ်းပိုက်၊ စစ်ကောင်စီ ၂၃ ယောက် လက်နက်ချ အညံ့ခံ

ကော့ဘိန်းရွာမှာရှိတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက မနေ့ မတ် ၂၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် SSRY Eagle Force မှ ရှေ့တန်းရောက် အစ္စလာမ် PDF ရဲဘော်တွေ ဝတ်ပြုဆုတောင်း

SSRY Eagle Force မှ ရှေ့တန်းရောက် အစ္စလာမ် PDF ရဲဘော်တွေ ဥပုပ်လဝတ်ပြုဆုတောင်းတာကို ဗုဒ္ဓဘာသာဝင်ရဲဘော်တွေက ကင်းစောင့်ပေးတဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့ မတ် ၂၅ မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now