Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

“သူတို့(အာဏာပိုင်)က ပေးဆို ပေးရတဲ့ အခြေအနေမှာရှိတယ်။ အကယ်လို့ မပေးဘူးဆိုရင် နည်းမျိုးစုံနဲ့ လုပ်ငန်းကို ဒုက္ခပေးလိမ့်မယ်။ ဒါမျိုးတွေမလုပ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ လုပ်ငန်းကို ပိတ်ရင်ပိတ်လိုက်၊ မပိတ်ရင် သူများကို ရောင်းလိုက်ဖို့ပဲရှိတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကမောက်ကမဖြစ်ပွားခဲ့သည့် ကဏ္ဍများထဲတွင် ဘဏ်လုပ်ငန်းကဏ္ဍမှာ ထိပ်ဆုံးမှ ပါဝင်သည်။ တော်လှန်ရေးကာလ ရောက်လာသည့်အခါ ပြည်သူများ၏ ဘဏ်အကောင့်များ ပိတ်သိမ်းခံရခြင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့်များ ပိတ်ခံရခြင်းကဲ့သို့ အခြေအနေများလည်း ဆက်တိုက်ဖြစ်ပွားလာသည်။ ထိုသို့ ဘဏ်အကောင့် ပိတ်ခံရခြင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့်များ ပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဏ်လုပ်ငန်းရေးရာ‌ကျွမ်းကျင်သူ ဗဟိုဘဏ်အငြိမ်းစားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ဒီကာလမှာ ဘာကြောင့်ဘဏ်အကောင့်တွေ အပိတ်ခံရတာလဲ။ ဒါကိုအရင်ရှင်းပြပေးပါဦး။

ဖြေ။ ။ ပထမဆုံးပြောချင်တာက စစ်ကောင်စီဟာ သူတို့ကို တော်လှန်တဲ့သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်ပါတယ်။ အဲဒီထဲမှာ ဘဏ်အကောင့်တွေပိတ်သိမ်းတာလည်းပါပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ဖိနှိပ်နည်းတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တဲ့လူတွေနဲ့ ဆက်စပ်တယ်လို့ ယူဆတဲ့ ဘဏ်အကောင့်တွေကို ပိတ်ခိုင်းပါတယ်။ ဒီနေရာမှာ လုပ်ငန်းစဉ်ကို နည်းနည်းရှင်းပြရရင် စစ်ကောင်စီဟာ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သူတွေ၊ သူတို့ပြောနေတဲ့ PDF၊ NUG၊ CRPH ပေါ့လေ။ အဲဒါတွေနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေ၊ မိုဘိုင်းငွေကြေးအကောင့်တွေကို နည်းမျိုးစုံနဲ့ စုံစမ်းတယ်။ နည်းလမ်းပေါင်းစုံဆိုတဲ့နေရာမှာ လှူမယ့်လူပုံစုံနဲ့စုံစမ်းတာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို စစ်တာလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေကို စစ်ဆေးတာလည်း ရှိတယ်။ အဲဒီလိုနဲ့ ရလာတဲ့ အကောင့်တွေကို စာရင်းလုပ်ပြီး ဗဟိုဘဏ်ကို ပို့ပါတယ်။ ဗဟိုဘဏ်က သက်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်တွေကို ဒီအကောင့်တွေကို ပိတ်ဖို့ဆိုပြီး ညွှန်ကြားပါတယ်။ အဲဒါကြောင့် ဘဏ်အကောင့်တွေ အပိတ်ခံရတာဖြစ်ပါတယ်။

မေး။ ။ ဘဏ်တွေဘက်ကရော ဒါကို စာသုံးသူကာကွယ်မှု မူဝါဒတွေအရ မပိတ်ဘဲ ထားလို့မရဘူးလား။

ဖြေ။ ။ မှန်ပါတယ်။ ဒါက အားလုံးလဲသိချင်မယ်ထင်တယ်။ ဝန်ဆောင်မှုလုပ်ငန်းတိုင်းမှာ စားသုံးသူကာကွယ်ပေးရေးမူဝါဒတွေရှိပါတယ်။ ကိုယ့်ဖောက်သည်ရဲ့အချက်အလက်ကို လုံခြုံအောင်ထားရမယ်။ ကိုယ့်ဖောက်သည်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ်။ ဒါအရေးကြီးပါတယ်။ အမေရိကန်မှာဆို ဒေါ်နယ်ထရမ့်လက်ထက်က တရားရုံးက အိုင်ဖုန်း ပါ့စ်ဝါ့ဒ်ကို ဖွင့်ခိုင်းတာ Apple က သူ့ရဲ့ စားသုံးသူအချက်အလက်ကာကွယ်ရေး မူဝါဒအရဆိုပြီး ဖွင့်မပေးခဲ့ဘူး။ ဒီမှာလည်း ဒါမျိုးမူဝါဒတွေရှိပါတယ်။ ဘဏ်လုပ်ငန်းလိုမျိုး၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုမျိုးတွေက သုံးစွဲသူရဲ့အချက်အလက်ကို သေသေချာချာထိန်းသိမ်းပါတယ်။ ဒါပေမယ့် အာဏာရှင်လက်ထက်မှာတော့ ဒါတွေလည်း ဘာမှလုပ်လို့မရပါဘူး။ သူတို့(အာဏာပိုင်)က ပေးဆို ပေးရတဲ့ အခြေအနေမှာရှိတယ်။ အကယ်လို့ မပေးဘူးဆိုရင် နည်းမျိုးစုံနဲ့ လုပ်ငန်းကို ဒုက္ခပေးလိမ့်မယ်။ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း သူတို့(အာဏာပိုင်)က ပိတ်ဆို ပိတ်ရတာပဲ။ ခိုးနားထောင်ဆို ထောင်ရတာပဲ။ ဒါမျိုးတွေမလုပ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ လုပ်ငန်းကို ပိတ်ရင်ပိတ်လိုက်၊ မပိတ်ရင် သူများကို ရောင်းလိုက်ဖို့ပဲရှိတယ်။ ဥပမာ - တယ်လီနောလိုပေါ့။ ဒါပေမယ့် ဒီလိုရောင်းလိုက်ရင် ဘယ်သူထိခိုက်မလဲဆိုတော့ အများဆုံးထိခိုက်တာ သုံးစွဲတဲ့ ပြည်သူပါပဲ။ ကုမ္ပဏီဘက်ကတော့ ထိခိုက်မှုရှိတာပေါ့လေ။ ရောင်းလိုက်တယ်ဆိုရင်လည်း ဒီလုပ်ငန်းကို ဝယ်မယ့်သူက စစ်အာဏာရှင်နဲ့ အဆင်ပြေအောင်ပေါင်းမယ့် လုပ်ငန်းရှင်ပဲဖြစ်မှာပဲ။ အဲဒီတော့ ရှေ့ဘုန်းကြီးတချက်ခေါက်၊ နောက်ဘုန်းကြီး ၂ ချက်ခေါက်ဆိုသလို ဖြစ်နေလိမ့်မယ်။ အကယ်လို့ လုပ်ငန်းပိတ်လိုက်တယ်ဆိုရင်လည်း ပြည်သူတွေအနေနဲ့က ဒီဝန်ဆောင်မှုတွေကို အာဏာရှင်အလိုကျလည်ပတ်တဲ့ လုပ်ငန်းတွေဆီမှာပဲ ဆက်ပြီး သုံးစွဲနေရဦးမှာပေ့ါ။ ရွေးချယ်စရာတစ်ခု လျော့သွားတာပဲရှိမှာပါ။

မေး။ ။ သုံးစွဲသူတွေအနေနဲ့ရော ဆုံးရှုံးမှုတွေ မဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်လဲ။

ဖြေ။ ။ သုံးစွဲသူတွေအနေနဲ့ သတိထားရမယ်။ ကိုယ်နဲ့ဆက်စပ်တဲ့သူတွေ ဖမ်းဆီးခံရတာမျိုး၊ ကိုယ့်အကောင့်နဲ့ ငွေလွှဲပေးထားသူတွေ၊ တော်လှန်ရေးမှာ ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးခံရတာမျိုးရှိတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲက ရှိတာကို ထုတ်ထားတာ၊ ရွှေ့ပြောင်းတာမျိုးလုပ်ထားဖို့လိုတယ်။ နောက်ဆုံးဘဏ်အကောင့် ပိတ်ခံရရင်တောင် ဆုံးရှုံးမှုနည်းအောင်ပေါ့။ နောက်တစ်ခုက ကိုယ့်အကောင့်နဲ့ ငွေလွှဲတာ၊ လက်ခံတာလုံမယ်ဆိုရင် ၂ဖက်လုံး လုံခြုံစိတ်ချရတဲ့ အခြေအနေရှိ၊ မရှိ သေချာအောင်လုပ်ပြီးမှ လုပ်ဆောင်သင့်တယ်။ ဒါဆိုရင်တော့ အထိုက်အလျောက်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါလိမ့်မယ်။ မှားယွင်းပြီး အပိတ်ခံရတယ်ဆိုရင်လည်း ဘဏ်အလိုက်လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ပါ။ ပြန်ရပါလိမ့်မယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာဘာများ ရှိဦးမလဲ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တယ်ဆိုတာထက် မေတ္တာရပ်ခံချင်တာပေ့ါလေ။ တော်လှန်ရေးအင်အားစုတွေက အကောင့်ပိတ်ခံရလို့၊ ငွေကြေးဆုံးရှုံးလို့ဆိုပြီး ဘဏ်တွေကို တိုက်ခိုက်တာမျိုးတွေ့ရတယ်။ ဒါမျိုးတွေတော့ မလုပ်ဖို့ မေတ္တာရပ်ခံချင်တယ်။ ပုဂ္ဂလိကဘဏ်တွေကလည်း ပိတ်ချင်လို့ပိတ်ရတာမဟုတ်ပါဘူး။ အပေါ်ကနေဓားမိုးပြီး ပိတ်ခိုင်းနေတဲ့ အခြေအနေမျိုးပါ။ ဘဏ်တွေက သုံးစွဲသူကို ပိုတောင်ကာကွယ်ပေးခြင်ပါတယ်။ ဘဏ်တွေထိခိုက်လို့ ပိတ်လိုက်ရရင် ခုနပြောသလိုပဲ ပြည်သူတွေပိုပြီး ထိခိုက်ပါလိမ့်မယ်။ စစ်ကောင်စီအတွက် ထိခိုက်စရာ သိပ်မရှိပါဘူး။ ဒါကြောင့် လိမ္မာပါးနပ်စွာပဲ အသုံးချပါလို့ အကြံပေးချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။