Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

တာချီလိတ်၊ နိုဝင်ဘာ ၅

မဲဆွယ်စည်းရုံးခွင့် ကိစ္စရပ်များတွင် အခက်အခဲများ ကြုံရသည့်အတွက် ‘ဝ’ နယ်မြေထဲရှိ မဲရုံ (၁၂)ရုံကို အချိန်မီ ပိတ်သိမ်းပေးရန် ယင်းဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၄)ခုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

မိုင်းဆတ်မြို့နယ်အတွင်း ရှိ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ဟုန်(ဝ)၊ ဝမ်ဟုန်(ရှမ်း) စသည့် ကျေးရွာအုပ်စုတို့သည် ‘ဝ’ ထိန်းချုပ် ဧရိယာအတွင်းရှိ နယ်မြေများ ဖြစ်ပြီး ယင်းကျေးရွာများရှိ မဲရုံပေါင်း (၁၂)ရုံခန့်ကို အချိန်မီပိတ်သိမ်းပေးရန် နိုဝင်ဘာလ ၃ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ထားကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လာဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က လက်မှတ်ရေးထိုးထားသည့် တင်ပြစာတွင် မဲဆွယ်စည်းရုံးရန်အတွက် ကျေးရွာအဝင်အထွက် ဂိတ်များတွင် စာဖြင့် အဆင့်ဆင့် တင်ပြနေရခြင်း၊ စာဖြင့်တင်ပြပြီးနောက် ကော်မရှင် ခွင့်ပြုချက်ဖြင့် သွားရောက်သော်လည်း ဂိတ်ဖြတ်ရန် ပြန်လည်ဆက်သွယ်နေရပြီး ဖုန်းကိုင်ဖြေကြားမှု မရှိခြင်း၊ ဖုန်းပိတ်ထားခြင်း စသည်တို့ကြောင့် နိုင်ငံရေးပါတီများ လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ မရှိသည့်အတွက် အဆိုပါကျေးရွာအုပ်စု (၄)ခုရှိ မဲရုံ (၁၂)ရုံအား အချိန်မီပိတ်သိမ်းပေးပါရန် တင်ပြအပ်ပါသည်ဟု ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ‘ဝ’ တောင်ပိုင်း ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ပိန်းကို မဲခေါင်သတင်းဌာက ဆက်သွယ် မေးမြန်းရာ သွားလာမဲဆွယ်မှုကို ပိတ်ပင်ခြင်း မရှိကြောင်း၊ လက်နက်ကိုင်မျိုးစုံရှိသည့် ဒေသဖြစ်သည့်အတွက် သွားလာမည့် ယာဉ်၊ လူ၊ အစီအစဉ်ကို တစ်ရက်ကြိုတင် အကြောင်းကြားရန် ပြောဆိုခြင်းဖြစ်ကြောင်း ဖြေကြားသည်။

“ပြီးတော့ Covid-19 ဖြစ်လို့ ရွာထဲမှာတော့ လမ်းကြိုလမ်းကြားတွေဝင်ရင် လူစုလူဝေး ဖြစ်မှာ ဆိုးလို့ မဝင်ခိုင်းတာ။ မဲဆွယ်လို့ရတယ်။ လမ်းမကြီးတွေမှာ သက်ဆိုင်ရာ ရွာအလိုက် မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုထားပါတယ်” ဟု ဦးဆမ်ပိန်းက ပြောသည်။

ကြိုပြီး သတင်းပို့သည်နေရာတွင် အနီးကပ်မှ ကြိုပြီး သတင်းပို့ပါက အခက်အခဲဖြစ်ပြီး ကြန့်ကြာမှု ရှိခြင်းဖြစ်ကြောင်း သူက ပြောသည်။

မိုင်းဆတ်မြို့နယ်အတွင်းရှိ ‘ဝ’ ထိန်းချုပ်နယ်အတွင်း ပါဝင်သည့် အဆိုပါ ကျေးရွာအုပ်စု (၄)စုတွင် ကျေးရွာပေါင်း (၂၁)ရွာရှိပြီး မဲဆန္ဒရှင်ပေါင်း (၂၂၇၄၃)ဦးနှင့် မဲရုံပေါင်း (၁၂)ရုံရှိကြောင်း သိရသည်။

MK – 001
#MeKongNews

Photo - Mong Hsat SNLD

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။