Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပန်းပင်ကြီးလမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူ တချို့ရှိ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ ည၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

05 December - 2022

စင်ကာပူ၊ အောက်တိုဘာ ၁

ကြာသပတေးနေ့မနက်ခင်းတွင် စင်ကာပူရှိမြန်မာသံရုံးရှေ့တွင် မဲဆန္ဒရှင်များတန်းစီနေပြီး နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံခြားတွင် မဲပေးမှုများ စတင်နေသည်။

တရားဝင်အချက်အလက်များ မရှိသော်လည်း စင်ကာပူတွင် မြန်မာနိုင်ငံသား ၂ သိန်းခန့်နေထိုင်ကြသည်ဟု မြန်မာသံရုံးက ပြောသည်။

မဲပေးရန် မြန်မာနိုင်ငံသား ၃၄၀၀၀ ခန့်စာရင်းပေးထားသည်ဟု ပထမအဆင့်အတွင်းဝန် ဦးရဲနိုင်ခန့်ကပြောသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စာရင်းများအရ မဲပေးခွင့်ရှိသူ ၃၂၀၀၀ သာရှိသည်။

စင်ကာပူရှိမြန်မာသံရုံးက မဲပေးရန် ၁၈ ရက်သတ်မှတ်ပေးထားသည်။

စင်ကာပူနိုင်ငံ၏ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန် မဲပေးမည့်သူများကို အချိန်အပိုင်းအခြားအလိုက် မဲလာပေးရန် ကတ်ပြားများ ထုတ်ပေးထားသည်။

"ငြိမ်ဝပ်ပိပြားရေး အက်ဥပဒေစည်းကမ်းတွေနဲ့ စင်ကာပူနိုင်ငံက တည်ဆဲဥပဒေတွေကို လိုက်နာဖို့၊ အများပြည်သူကြားမှာ နိုင်ငံရေးစည်းရုံးမှုတွေမလုပ်ဖို့၊ အများနဲ့သက်ဆိုင်တဲ့ ဥပဒေတွေလိုက်နာဖို့နဲ့ ပါတီတံဆိပ်တွေ၊ တီရှပ်တွေမဝတ်ဖို့ မဲဆန္ဒရှင်တွေကို အကြံပေးချက်တွေလည်း ကျွန်တော်တို့ဖြန့်ဖြူးထားပါတယ်" ဟု ဦးရန်နိုင်ခန့်ကပြောသည်။

သံရုံးအနေဖြင့် ၁၈ ရက်ကြာ လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး မဲပုံးများကို စောင့်ကြည့်ရန် လူများထပ်မံငှားရမ်းခြင်းလည်း ပါဝင်သည်။

ယခုတစ်ပတ်မှစတင်ပြီး တောင်ကိုရီးယား၊ ထိုင်၊ မလေးရှား၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့အပါအဝင် ကမ္ဘာတဝန်းရှိမြန်မာသံရုံးများ၊ မစ်ရှင်များနှင့် ကောင်စစ်ဝန်ရုံးများတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများမဲပေးနိုင်ရန် ပြင်ဆင်နေသည်။

နိုင်ငံခြားအတွက် မဲလိပ် ၁၀၁၅၂၆ ပေးပို့ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

နိုင်ငံခြားမဲပေးခွင့် လျှောက်ထားသူ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၅၀၀၀ ရှိခဲ့ပြီး ယခုပမာဏသည် ၃ ဆဝန်းကျင်မြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံခြားတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ၄ သန်းခန့်နှင့် မညီသော်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်ငံခြားရောက် မဲဆန္ဒရှင်များသည် သိသာထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Source - CNA
#ဥက္ကာ
#MeKongNews
Photo – Myanmar in Singapore

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။