Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

တောင်ကြီး၊ ဩဂုတ် ၂၃

တာချီလိတ်မြို့နယ်တွင် အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာ ၅ ရက်အတွင်း မဲပေးခွင့်ရှိသူ ၃ထောင်နီးပါး ထပ်တိုးခဲ့ပြီး တစ်ထောင်ကျော် ပယ်ဖျက်နိုင်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်တွင် မှားယွင်းမှု များပြားသည့်အတွက် ဝေဖန်ခံနေရသော ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို မှန်ကန်မှုရှိစေရန်အတွက် ဩဂုတ်လ ၁၉ရက်က စတင်ကာ တာချီလိတ်မြို့၌ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ဆိုင်စစ်ဆေးရာ ၅ရက်အတွင်း ပုံစံ-၃ဖြင့် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ရန် လျှောက်ထားသူ ၂၆၃၄ဦး၊ ပုံစံ-၃(က) ဖြင့် လျှောက်ထားသူ ၃၄၇ဦး၊ ပုံစံ-၄ ဖြင့် မဲဆန္ဒရှင်စာရင်းမှ ပယ်ဖျက်သူ ၉၉၈ဦး၊ ပုံစံ-၄(က)ဖြင့် ပယ်ဖျက်သူ ၆၄ဦးနှင့် အချက်အလက်မှားယွင်းသဖြင့် ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လျှောက်ထားသူ ၁၈၃၅ ဦးဖြစ်ကြောင်း သိရသည်။

" စတင်ကောက်တုန်းက ဒီဒေသမှာ မရှိဘူး။ အဝေးကို ခရီးထွက်နေတယ်။ တဖက်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ အဝင်စာရင်းကတော့ ဒီမှာ ရှိနေတယ်။ အခု ကိုဗစ်ဖြစ်တော့မှ ပြန်လာတယ်။ အဲ့လိုလူတွေလည်းပါတာပေါ့" ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက မဲခေါင်သတင်းဌာနသို့ ပြောသည်။

မဲဆန္ဒရှင် စာရင်း အိမ်တိုင်ရာရောက် တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းကို တာချီလိတ်မြို့ပေါ်တွင် အဖွဲ့ ၁၀ဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ အိမ်ခြေ ၇၂၁၃ အိမ်၊ တာလေမြို့တွင် ၇ဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ အိမ်ခြေ ၁၅၆၁ အိမ်၊ ကျိုင်းလတ်မြို့တွင် ၆ဖွဲ့ ဖြင့် စစ်ဆေးခဲ့ရာ အိမ်ခြေ ၁၉၃၆ အိမ် စုစုပေါင်း အိမ်ခြေ ၁၀၇၂၈ အိမ် စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။

"နောက်တခုက အလုပ်သမားတွေက နေ့ခင်းဘက်မှာ မရှိဘူး။ ညဘက်ကျမှ ပြန်လာတဲ့ အဖွဲ့တွေလည်း ကျန်ခဲ့တယ်။ မနက်ပိုင်းကောက်ရင် မရှိဘူး။ အခုမှ စာရင်းထဲ ပြန်ထည့်တာပေါ့။ ရွှေ့ပြောင်းလုပ်သားတွေလည်း ပါပါတယ်။ ဒီမှာ မရှိတဲ့ လူတွေကိုလည်း ပယ်ဖျက်ဖို့ စာရင်းပေးထားတာ ရှိပါတယ်" ဟု ဦးချမ်းမြေ့စောက ပြောသည်။

အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းကို ရက်ပေါင်း ၂၀မှ ၂၅ရက်ကြား အချိန်ယူလုပ်ဆောင်သွားမည် ဖြစ်ပြီး ရရှိလာသည့် မဲဆန္ဒရှင် စာရင်းများကို တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းရာဇာ
#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။