Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၈

BBC Media Action ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်သူ မထက်ထက်ခိုင်ကို အင်းစိန်ထောင် အထူးတရားရုံးက စက်တင်ဘာ ၂၇ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ထပ်မံ အမိန့်ချခဲ့ပါတယ်။

တရားမဝင် အသင်းအဖွဲ့များနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ထပ်မံ ချမှတ်လိုက်တာ ဖြစ်တယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရပြီး တစ်နှစ်အကြာမှာ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ဗဟန်း တရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့လို့ စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ် ချမှတ်ခံရမှု အပေါ် မထက်ထက်ခိုင် ဖမ်းဆီးစစ်ဆေး ခံခဲ့ရတဲ့ ချုပ်ရက်များ ခံစားခွင့် ရရှိရေးအတွက် မိသားစုက အယူခံဝင်သွားမယ်လို့ သိရပါတယ်။

သူမဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်ခန်း တစ်ခုမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၄၂ ဦးရှိပြီး ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆို ခံရသူ ၉၅ ဦးရှိတယ်လို့ Detain Journalists Information Myanmar က ထုတ်ပြန်ထားပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။