Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၇

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးရုံးကို စက်တင်ဘာ ၂၆ ရက် ည ၈ နာရီမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန် UG အဖွဲ့က ထုတ်ပြန်ပါတယ်။

“အဲ့ရုံးက ဒီဘက်မှာ နာမည်ကြီး။ ရဲတွေ စစ်သားတွေနဲ့ ပေါင်းပြီး လုပ်ချင်တိုင်း လုပ်နေကြတာ။ အရင်တစ်ခါလည်း သူတို့ရုံးကို သတိပေးထားတာတွေ ရှိတယ်။ သေတာတော့ မကြားမိသေးဘူး” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

အဆိုရုံးကို ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ပြည်သူများ အလုပ်ဆင်းလာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

“လက်ဗစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု ရှိပါတယ်။ မိမိရဲဘော် အားလုံး ဘေးကင်းပါသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို လည်ပတ် မောင်းနှင်နေသော အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုလည်း စစ်ရေးအရ ဆက်လက် အရေးယူသွားမည်” လို့ YGN Urban Guerrilla Army အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ ညပိုင်းက လှိုင်မြို့နယ်မှာ သေနတ် ပစ်ခတ်သံများ ထွက်ပေါ်လာ ပြီးနောက် လှိုင် (၁၃) ရပ်ကွက်၊ သီရီမြိုင် (၂) လမ်းထဲမှာ နေထိုင်တဲ့ လူငယ်နှစ်ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။