Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်လမ်းမကြီးမှာ စစ်တပ်နဲ့ ရဲက ကုန်တင်ကား တစ်စီးကို ကျပ် ၅ သောင်း အဓမ္မ တောင်းယူနေတယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

ဟိုပုံး-လွိုင်လင် အထွက်၊ ဟိုပုံး ဆိုင်ဘုတ်အနီးမှာ စစ်တပ်နဲ့ ရဲက ဖြတ်သန်း သွားလာတဲ့ ကုန်တင်ကားတိုင်းကို တားပြီး တစ်စီးကို ၅ သောင်းကျပ် တောင်းယူနေတဲ့ အတွက် အခက်တွေ့နေရတယ်လို့ ယာဉ်မောင်း တစ်ဦးက ဆိုပါတယ်။

"ကုန်တင်ကားတိုင်း အကုန်တားပြီး တောင်းနေတာ။ ရွာဖက်က လူတွေတောင် မြို့ထဲ မလာရဲကြတော့ဘူး။ ကားတွေဆိုရင်လည်း အဲဒီနေရာနား ရောက်ရင် လမ်းဘေးချ ရပ်ခိုင်းထားတော့ ကားတန်းရှည်ကြီး ဖြစ်နေပြီ။ ရွာဖက်က ‌မြို့ထဲကို ဈေးလာသုံးတဲ့ ကားတွေလည်း ပေးရတယ်။ ပေးရင်‌ပေး၊ မပေးရင် ရုံးသွားလို့ပဲ ပြောတာ။ ရဲမေ ၂ ယောက် ပါသေးတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီနေရာမှာ မြို့ဝင် စစ်ဆေးရေးဂိတ်ကဲ့သို့ စစ်ဆေးမှုတွေ ပြုလုပ်တာ မဟုတ်ဘဲ စစ်သား ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ယာဉ်ထိန်းရဲ တစ်ဦးက နံနက် ၈ နာရီ ဝန်းကျင်ကနေ ညနေ ၅ နာရီ ဝန်းကျင်အထိ ကုန်ကားတွေကို တားပြီး အကြောင်းမဲ့ ငွေကြေး တောင်းခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။

"မြို့ဝင်ဆိုင်းဘုတ် အကျော်နားက ကောင်ဘိန်းလို့‌ ခေါ်တဲ့ နေရာမှာ စောင့်တောင်း နေကြတယ်။ ပြောင်းကား တွေက ခုချိန် အသွားများကြတော့ အဲဒါကို ချောင်းနေကြတာ ဖြစ်မယ်။ အခုဆို သီတင်းကျွတ်တော့မှာ၊ ဈေးတောင် တက်မသုံးရဲကြဘူး။ ပိုက်ဆံ ၅ သောင်းဆိုတာ ခေတ်ပျက်ကြီးထဲမှာ ရှာလို့ မလွယ်ဘူးလေ။ အသိပညာ၊ အတတ်ပညာ အားနည်းကြတော့ ဘယ်သူအုပ်ချုပ်ချုပ် ကိုယ်နဲ့ မဆိုင်သလို နေကြတော့ လုပ်သမျှ ခံနေရတာပေါ့" လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ PNO နယ်မြေ အတွင်းမှာ အခုလို ဖြစ်ပွားနေပေမယ့် PNO အနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှု မရှိတဲ့အပေါ် အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသာ ဖြစ်တယ်လို့ ဒေသခံ ပအိုဝ်းလူထုက ဝေဖန်နေပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။