Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပန်းပင်ကြီးလမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူ တချို့ရှိ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ ည၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လိုင်စင်မဲ့သေနတ်ကိုင်ဆောင်လို့ ရဲစခန်းရောက်တော့ ဌာန်၊ ကရိုဏ်ကျကျ ကျယ်လောင်စွာ ပရိသတ်ရွတ်တဲ့ တရားခံကြောင့် ထိုင်းရဲတွေ လက်အုပ်ချီရမလို ဒူးထောက်ရမလို ဖြစ်ခဲ့ရ

မဲခေါင်၊ ဒီဇင်ဘာ ၅ နိုဝင်ဘာလကုန်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ဟာ တက်ခ်ခရိုင် ဝမ်ယိုအရပ်မှာရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားဝင်လိုင်စင်မလုပ်ထားတဲ့ ရိုင်ဖယ်တစ်လက်ကို သိမ်းဆည်းရမိတဲ့အတွက် ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးစဉ် ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စစ်ဆေးမေးမြန်းခြင်းချက်ချင်းမလုပ်နိုင်ခဲ့ဘဲ ၁၀ မိနစ်လောက် စိတ်ရှည်ရှည်စောင့်ပြီးမှ စစ်ဆေးခဲ့ရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

မာရှာအာမီနီကို သတ်တဲ့ အမျိုးဘာသာစောင့် ရဲတပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း အအီရန်ရှေ့နေချုပ် ကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၅ စက်တင်ဘာ ၁၃ ရက်နေ့က အသက် ၂၂ နှစ်အရွယ် ကာ့ဒ်လူမျိုးအမျိုးသမီးငယ်မာရှာအာမီနီကို အစ္စလာမ်ဘာသာကျင့်ထုံးနဲ့ အညီ ခေါင်းမြှီးခြုံစနစ်တကျမဝတ်လို့ အီရန် အကျင့်စာရိတ္တရဲတပ်ဖွဲ့ (morality police) က ဖမ်းဆီးစစ်ဆေးရာမှာ နှိပ်စက်လို့ သေဆုံးသွားရတဲ့အဖြစ်အတွက် အီရန်နိုင်ငံမြို့ကြီးတွေအနှံ လူထုအုံကြွဆန္ဒပြမှုတွေ ဒီနေ့အထိ ဖြစ်ပေါ်နေတဲ့အတွက် အီရန်အစိုးရဟာ အမျိုးဘာသာစောင့်ရဲတပ်ဖွဲ့လို့ ခေါ်ဆိုနိုင်တဲ့ ဒီရဲတပ်ဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း...

05 December - 2022

မြန်မာ့နွေဦး

ကြည့်မြင့်တိုင် ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေးကြမ်းနေ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အပေါ်လမ်းရှိ ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေး ကြမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

05 December - 2022

မဲခေါင်၊စက်တင်ဘာ ၂၃

စက်တင်ဘာလ ၂၂ ရက်နေ့ က မဟာမိတ်တပ်ပေါင်းစုတို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့ရဲ့ စနိုက်ဘာ ပစ်ချက်တွေကြောင့် စစ်ကောင်စီ တပ်ဖက်က ၃ ယောက်သေဆုံးခဲ့လို့ လွိုင်ကော် အမြှောက်တပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရာ မိုးဗြဲ စက်တော်ရာတောင်ပေါ် မှာ တပ်စွဲထားတဲ့ စစ်ကောင်တပ်ကို ပြန်ထိပြီး အကျအဆုံးများခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ တိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ MBPDF 1001 ၊MBPDF 1007၊ဖယ်ခုံ PDF B-01၊လွိုင်ကော် PDF ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1101 တပ်ရင်း၊နေပြည်တော် PDF ၊ KNDF ၊ KA ၊ KGZ နဲ့ URA တို့ က စစ်ကောင်စီတပ်တွေကို ပူး‌ပေါင်းခုခံတိုက်ခိုက် နေပါတယ်။

လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေအနေနဲ့ မိုးဗြဲ မြို့ကို ဖြတ်သန်းသွားလာတာလုံးဝ မလုပ်ဖို့ သတိပေးထားပါတယ်။

#MekongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။