Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်က ရွာတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNA) ထဲ ဝင်ဖို့ လိုက်လံစည်းရုံး နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရွာသားတွေ အနေနဲ့ PNA ထဲ မဝင်ရင် ဆေးသုံးစွဲတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးမယ်လို့ လိုက်လံ ခြိမ်းခြောက် နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“ရွာသားတွေကို PNA ထဲ ဝင်ရမယ်လို့ လိုက်ပြောနေပါတယ်။ မဝင်ရင်လည်း ဆေးမှုနဲ့ ဖမ်းမယ် ပြောနေပါတယ်။ နောက် ဆေးဖမ်းမိရင်လည်း သူတို့ လိုချင်တဲ့ ငွေကို တောင်းသလောက်ပေးရင် ပြန်လွှတ်ပေးတယ်” လို့ ၎င်းက ပြောပါတယ်။

ရပ်စောက်မြို့နယ်က ရွာတွေမှာ တပ်သားသစ် လိုက်စုဆောင်းနေပြီး ငွေညစ်နေတာဟာ PNA တပ်ရင်း (၉) က ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာမှာ PNA က ရဲနဲ့ ပေါင်းပြီးတော့ မူးယစ်ဆေး ရောင်းတယ်လို့ စွပ်စွဲကာ နေအိမ် တချို့ကို ဝင်ရောက် ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

“PNA တပ်ရင်း (၉) က တစ်ယောက်ပါ။ သူရဲ့ အလုပ်က ပင်ဖြစ်မှာ မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေကနေ ပိုက်ဆံ လိုက်ကောက်ပြီးတော့ သူတို့ရုံးကို ပေးရတဲ့ အလုပ် ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ဗထူးတပ်မြို့ တည်ရှိရာ ရပ်စောက်မြို့နယ်မှာ သစ်ခိုးထုတ်တဲ့ သစ်မှောင်ခို ကားတွေကို ပင်ဖြစ်ရွာနားမှာ PNA က ဂိတ်ချပြီးတော့ ငွေကြေး တောင်းခံနေတယ်လို့ သိရပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။