Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၁

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့မှာ ဖြစ်ပွားတဲ့ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်တာ တိုက်ပွဲမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုတွေ များပြားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေ များပြားစွာရှိပြီး အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မိုးဗြဲမြို့ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်တပ်ပေါင်းစု တွေဖြစ်တဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က အရပ်သုံးမျက်နှာကနေ တာဝေး လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်ပြီး တင့်ကားတွေပါ အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို ပူးပေါင်းအဖွဲ့က ခုခံတွန်းလှန်နိုင်ခဲ့ပြီး မည်သူမှ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူသားဒိုင်းအဖြစ် အသုံးပြုခံရတဲ့ ပြည်သူ ၁၀၀ ဦးခန့်ထဲက တချို့ ပြန်လည်လွတ်မြောက်လာပြီး တချို့ကိုတော့ စစ်ကောင်စီက ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ဝင်တွေကြား စစ်ရေး အခြေအနေ ဆက်လက် တင်းမာနေတာကြောင့် ပြည်သူတွေ အနေနဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထိုင်ပေးကြဖို့နဲ့ ခရီးသွား ပြည်သူများ အနေနဲ့လည်း မိုးဗြဲလမ်းကို အသုံးမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။