Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ သြဂုတ် ၂၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် PNO စစ်သားများက အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားကြောင်း ဒေသခံများက ပြောဆိုပြီးနောက် မူးယစ်ဆေးဝါး ဖမ်းဆီးခြင်း ဖြစ်ကြောင်း PNO က ပြန်လည် တုံ့ပြန် ထားသည်။

ဟိုပုံးမြို့နယ်၊ နောင်ကော်ကျေးရွာတွင် အရှက်လုံရုံသာ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး၊ PNO စစ်သားများနှင့် ရွာသူ၊ ရွာသားများ အဓိကရုဏ်း ဖြစ်ခဲ့သော ရုပ်သံဖိုင် ယမန့်နေ့ သြဂုတ် ၂၃ ရက်နေ့က ထွက်ပေါ်ခဲ့သည်။

ယင်း ရုပ်သံဖိုင်သည် နောင်ကော်ကျေးရွာတွင် သြဂုတ် ၂၂ ရက်က PNO စစ်သားများ ကျေးရွာ အတွင်း မူးယစ်ဆေးဝါး စစ်ဆေးမည်ဟု ပြောဆိုပြီး အိမ်အတွင်း ဝင်ရောက်၍ ယင်းအမျိုးသမီးအား အဝတ်အစားများ ချွတ်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားကြောင်း ၎င်းအမျိုးသမီးက အော်ဟစ် အကူအညီ တောင်းသဖြင့် ကျေးရွာနေသူများက လာရောက်ကူညီခဲ့သော ရုပ်သံ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက အတည်ပြု ပြောသည်။

“မူးယစ်ဆေးဝါး စစ်ဆေးမယ်ဆိုပြီး ဝင်ရှာတယ်။ အဲ့မှာ အမျိုးသမီးက အော်ဟစ် အကူညီတောင်းလို့ ရွာသားတွေက ဓါး၊ တုတ်၊ ပုဆိန်တွေနဲ့ လာလို့ လွတ်တာ။ နောက်ပြီး ဖုန်းနဲ့ပါ မှတ်တမ်း ယူလိုက်လို့ လွတ်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း မဟုတ်ဘဲ မူးယစ်ဆေးဝါး သတင်း ကွင်းဆက်အရ ဖမ်းဆီးရန် သွားရောက်ရာတွင် ၎င်းအမျိုးသမီးက အဝတ်အစားများ ချွတ်ပြီး အော်ဟစ်ခဲ့ကြောင်း PNO အဖွဲ့၏ လူမှုကွန်ရက်တွင် ပအိုဝ်းဘာသာဖြင့် တုံ့ပြန်ထားသည်။

“နောင်ကော်ကျေးရွာ တစ်ရွာလုံးက မူးယစ်ဆေးဝါး ရောင်းဝယ်နေတာ။ အခုဖြစ်တဲ့ အမျိုးသမီးရဲ့ ယောကျ်ား ကလည်း မူးယစ်ဆေးဝါးနဲ့ ထောင်ကျနေတယ်” ဟု PNO က ဆိုသည်။

ဟိုပုံးမြို့နယ်ရှိ နောင်ကော်ရွာသည် ပအိုဝ်းနှင့် ရှမ်းလူမျိုးများ နေထိုင်ကြပြီး အိမ်ခြေ ၂၀ ခန့်သာရှိကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။