Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မဲခေါင်၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် PNO တပ်ဖွဲ့ဝင်များက ရှမ်းပြည် အခြေစိုက်မီဒီယာများအား အကြမ်းဖက် မီဒီယာ ဆိုသည့် စာရွက်များကို ယမန်နေ့က လိုက်ကပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပုံးမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ လမ်းများနှင့် စားသောက်ဆိုင်များတွင် ရှမ်းပြည်နယ် အခြေစိုက် သတင်း မီဒီယာများနှင့် တော်လှန်ရေး အင်အားစုများ၏ လူမှုကွန်ရက် စာမျက်နှာများကို အကြမ်းဖက် ဆိုသည့် စတေကာ စာရွက်များ လိုက်ကပ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က ဆည်‌နားက စားသောက်ဆိုင်မှာ လာကပ်သွားတယ်။ မူးမူးရူးရူးနဲ့ ဝင်လာပြီး အော်ဟစ်ပြီး လာကပ်သွားတာပဲ။ မြို့ထဲက လမ်းတွေမှာ၊ ရွာတွေဘက်မှာ အများကြီး တွေ့နေရတယ်။ ခွင့်လည်း မတောင်းဘဲ အိမ်တွေ၊ ဆိုင်တွေမှာ လိုက်ကပ်နေတယ်။ စီမံကိန်း တစ်ခုလိုမျိုး လိုက်လုပ်နေတာထင်တယ်။ သူတို့ကြောင့် ပအိုဝ်းလူမျိုးတွေ သိက္ခာကျရတာလည်း မနည်းတော့ဘူး"ဟု ၎င်းကပြောသည်။

ယင်းစာတွင် ရှမ်းသံတော်ဆင့်၊ ကမ္ဘောဇတိုင်း၊ တာချီလိတ်သတင်းအေဂျင်စီ၊ ရွှေ‌ဖီမြေသတင်း အေဂျင်စီစသည့် သတင်းဌာနများနှင့် တောင်ကြီးနွေဦးချန်နယ်၊ This Support Revolution စသည့် လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို အားပေးသူများဟုလည်း ရေးသားထားပြီး အဆိုပါ သတင်းဌာနများနှင့် လူမှုကွန်ရက် စာမျက်နှာများကို မယုံကြည်ကြရန် ပြည်သူများအား ပြောသွားကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။