Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ သြဂုတ် ၁၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ် NLD ပါတီ လူငယ် ခေါင်းဆောင် တစ်ဦး၏ နေအိမ်နှင့် ခြံဝန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယမန်နေ့ သြဂုတ်လ ၁၀ ရက်က ချိပ်ပိတ်သွားကြောင်း သိရသည်။

နေအိမ်နှင့် ခြံဝန်း ချိပ်ပိတ်ခံရသည့် ကိုအောင်ရဲပြည့် သည် NLD ပါတီ လူငယ် ခေါင်းဆောင် တစ်ဦး ဖြစ်သလို RBK (Ride Behind Kalaw ) အဖွဲ့မှ ဆိုင်ကယ် Biker ဖြစ်ကြောင်း ကလောမြို့ခံ တစ်ဦးက ပြောသည်။

“သူက ခရီးသွား လုပ်ငန်းတွေလည်း လုပ်တယ်။ ဆိုင်ကယ် ခရီးကြမ်းစီးတဲ့ Biker တစ်ဦးလည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကိုအောင်ရဲပြည့်၏ ခြံဝန်းတွင် “ကလောမြို့မရဲစခန်း (ပ) ၂၆/၂၀၂၂၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အမှုမှ တရားခံ အောင်ရဲပြည့် (ခ) အော်ပီကျယ် ပိုင်ဆိုင်သည့် ခြံဝန်းနှင့် နေအိမ်အား ယာယီ ချိပ်ပိတ် သိမ်းဆည်းပါသည်” ဆိုသည့် ဗီနိုင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် ချိတ်ဆွဲသွားကြောင်း သိရသည်။

“အခု ချိပ်ပိတ်ခံရတဲ့ ကိုအောင်ရဲပြည့်ရဲ့ ခြံဝန်းထဲကို အရင်လက စစ်ကောင်စီ တပ်ဖွဲ့တွေ လာပြီး မီးဝင်ရှို့ပြီးပြီ” ဟု ၎င်းက ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် ကိုအောင်ရဲပြည့်၏ မိဘများ ပိုင်ဆိုင်သော ကလောမြို့မှ ဟိုတယ် တစ်လုံးကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် ကိုအောင်ရဲပြည့်သည် စစ်အာဏာရှင်အား ဆန့်ကျင် ဆန္ဒပြမှုများတွင် ဦးဆောင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။