Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်ရှိ နမ့်ပန်တက် စစ်ဆေးရေးဂိတ်၌ ငွေပေးသည့် ကုန်တင်ယာဉ်များကို ဦးစားပေးစစ်‌ဆေးပြီး သွားလာခွင့်ပြုနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ရှမ်းတောင်သို့ ဝင်ရောက်ရာ ကလောမြို့နယ်၊ နမ့်ပန်တက်ကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ ထွေအုပ် အပါအဝင် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်၌ ငွေပေးသည့် ကုန်တင်ယာဉ်များကို ဦးစားပေး စစ်ဆေးသွားလာခွင့်ပြုနေသဖြင့် ငွေမပေးသည့် ကုန်တင်ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

"ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေကိုကြတော့ ကျန်းမာရေးတို့၊ ထွေအုပ်နဲ့ ရဲတို့က စစ်တာများတယ်။ ကုန်တင်ယာဉ်တွေကိုက စစ်တပ်၊ စ.ရ.ဖ၊ သစ်တောဌာနက စစ်တာများတယ်။ ပိုက်ဆံပေးတဲ့ ယာဉ်တွေကို တစ်ချက်စစ်ပြီး သွားခိုင်းတာ၊ မပေးတဲ့ကားတွေကြတော့ တန်းစီပြီး စောင့်ရတာပေါ့။ တခြား ကုန်တွေဆို ပြဿနာမရှိပေမယ့် ကုန်စိမ်းတွေဆိုရင် နေပူထဲမှာ အကြာကြီးစောင့်ရတော့ ပျက်စီးသွားတာ အများကြီးပဲ" ဟု ‌၎င်းကပြောသည်။

ထို့အပြင် စစ်တပ် သာမက ရဲ၊ ထွေအုပ် စသည့် ဌာနဆိုင်ရာများက ၃ ကြိမ်ထက် မနည်း တောင်းယူနေကြောင်း ညပိုင်း ဖြတ်သန်းသည့် ကုန်တင်ယာဉ်များထံမှ ပိုမို တောင်းခံလျက်ရှိရာ ကားတစ်စီး ကျပ် ၁ သောင်းမှ ကျပ် ၃ သောင်းအထိ တောင်းကြောင်း သိရသည်။

ယင်းစစ်ဆေးရေးဂိတ်၌ ယခုလ ဒုတိယပတ် အတွင်း လုံခြုံရေး အင်အား တိုးမြှင့်ချထားပြီး ခရီးသည်တင် ယာဉ်များကို မှတ်ပုံတင်၊ ကိုဗစ်ထောက်ခံစာ သာမက ခရီးဆောင်အိတ်များနှင့် ကုန်ပစ္စည်းများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

NLD အစိုးရ လက်ထက်က ကိုဗစ်စစ်ဆေးရေးဂိတ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည့် နမ့်ပန်တက် စစ်ဆေးရေးဂိတ်ကို စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးစစ်ဆေးရေးဂိတ်အဖြစ် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ရဲ၊ ဌာနဆိုင်ရာများ နေ့စဉ် အလှည့်ကျစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။