Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ ဧပြီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဧပြီလ ၂၆ ရက်၊ နေ့လည်ပိုင်းက လက်ပစ်ဗုံးကောက်ရသဖြင့် ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပုံးမြို့နယ်၊ ကွန်ကုန်းကျေးရွာအနီးရှိ ပြောင်းဖူးခြံတွင် အလုပ်လုပ်‌နေသည့် မိဘများနောက်သို့ လိုက်လာသည့် ကလေးငယ် ၃ ဦးက ခြံအနီးတွင်ရှိသည့် လမ်းဘေးမြောင်းထဲမှ လက်ပစ်ဗုံးကောက်ရပြီး ဆော့ကစားခြင်းဖြစ်ကြောင်း၊ အဆိုပါလက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် တစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကလေးတွေ သူတို့ဘာသာ ရေမြောင်းနားမှာ ဆော့နေတာ။ ဆော့ရင်းနဲ့ လက်ပစ်ဗုံးတွေ့တော့ အရုပ်လို့ပဲထင်ပြီး ယူဆော့နေတုန်း ပေါက်ကွဲမှုဖြစ်တာလို့ ပြောတယ်" ဟု ၎င်းကပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ခွန်ပြည့်စုံဦးက အခင်းဖြစ်နေရာ၌ပက် သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ ကစား‌နေသော အသက် ၇ နှစ်အရွယ်နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ခြံစောင့်တဲတွင်း၌ အိပ်နေသည့် အသက် ၁၆ နှစ်အရွယ် ခွန့်ပြည့်စုံဦး၏ အစ်မဝမ်းကွဲတို့တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းကိုလည်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။