Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ ဧပြီ ၈

ကလောမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် သင်္ကြန်ကာလလာရောက် လည်ပတ်ရန်အတွက် ကြိုတင်စာရင်းပေးငှားရမ်းထားမှု ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဒေသခံခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ကလောမြို့တဝိုက်ရှိ ဟိုတယ်၊ မိုတယ်များရှိ အခန်းများမှာ ၃ ပုံ ၂ ပုံခန့် ပြည့်နေပြီဖြစ်ပြီး သင်္ကြန်ကာလမတိုင်မီ အခန်းအားလုံး ပြည့်ဖွယ်ရှိကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတော့ ကိုဗစ်ကြောင့်ရော၊ စစ်အာဏာစသိမ်းပြီးကာစ ဖြစ်တာရောနဲ့ လာလည်တဲ့လူက မရှိသလောက်ရှားတယ်။ ဒီနှစ်တော့ အတော်လေး ပြန်များလာတာကိုတွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကလောမြို့၊ ရေယောင်းမကို အခြေပြုဖွင့်လှစ်ထားသည့် View Point နှင့် အပန်းဖြေစခန်းများတွင် လည်ပတ်သူများစည်ကားနေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ကလောအပါအဝင် တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရွာငံစသည့်တို့တွင် တော်လှန်ရေးလှုပ်ရှားသည့်လူငယ်များ၊ ဆက်စပ်သူများ အများအပြားသည် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရသော်လည်း ကလောရှိ အပန်းဖြေ စခန်းများတွင် ‌လာရောက်လည်ပတ်သူများဖြင့် နေ့စဉ်စည်ကားနေခြင်းသည့် တော်လှန်ရေးအတွက် အသက်ပေးထားကြသူများနှင့် အသက်ကိုရင်း၍ တော်လှန်ရေးလုပ်နေသူများကို ပြက်ရယ်ပြုနေသလိုဖြစ်နေသည်ဟု ကလောမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ဝေဖန်ပြောသည်။

"ကလောအခြေစိုက်တဲ့ UG အဖွဲ့ဝင် ၂ ဦးက ၄ ရက်‌နေ့က ကျဆုံးသွားပြီ။ တစ်ယောက်ကဖမ်းဆီးခံထားရတယ်။ ကျရှုံးရဲဘော်တစ်ဦးရဲ့ မိသားစုဝင် ၅ လုံးလည်း ဒီလ ၅ ရက်နေ့က ဖမ်းခံရတယ်။ ကလောမှာ လောလောဆယ်တော့ တော်လှန်ရေးလှုပ်ရှားမှုက ရပ်သွားရပြီပေါ့။ ဒါပေမယ့်လည်း မြို့တွင်းနဲ့ တခြားနေရာမပါသေးဘူး၊ ရေယောင်းမတစ်ခုထဲကို နေ့တိုင်းလူရာနဲ့ချီပြီး လာနေကြတာ" ဟု ၎င်းကပြောသည်။

အဆိုပါဒေသရှိ ရေယောင်းမ View point ၊ ရှန်ဘာလာ ကလော ရေယောင်းမ View Point ၊ Village Shan State View Point၊ သီရိစန္ဒာ ဓာတ်ပုံ ရှုခင်းအပန်းဖြေစခန်းနေ့စဉ်လာရောက်လည်ပတ်သူ ၂၀၀ ကျော်ရှိနေပြီး ရုံးပိတ်ရက်များတွင် ယင်းအရေအတွက်ထက်ပိုများကြောင်း ဒေသခံများထံမှ သိရသည်။

ကလောမြို့တွင် ဧပြီလ ၆ ရက်၊ ညပိုင်းက ရပ်ကွက် ၄ ရှိ မထိုက်ဆိုသူနှင့် ၎င်း၏ခင်ပွန်း၊ သား ၁ ဦး၊ သမီး ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီမှ မိသားစုလိုက်ဖမ်းဆီးသွားသည်။
#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။