Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ ဧပြီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ (UGR)က ၎င်းတို့အဖွဲ့ ဖွဲ့စည်းပြီး လဝက်အတွင်း မစ်ရှင်၃ခုပြုလုပ်နိုင်ခဲ့သလို တိုက်ပွဲများဖော်ဆောင်ရန် ကြိုးစားနေကြောင်း ဧပြီလ ၂ ရက် ညပိုင်းက ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

UGRအား ယခုနှစ်၊ မတ်လ ၁၃ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းနေ့၌ပင် အောင်ပန်းမင်းအောင်လှိုင်ဟု နာမည်ကြီးနေသည့် အောင်ပန်းမြို့ရှိ စစ်ကောင်စီသတင်းပေး ဒလန်ဝိုင်ကျော်အား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဒလန်ကျော်စိုးမင်းဆိုသူအား မတ်လ ၁၉ ရက်က သွားရောက်ပစ်ခတ်ရှင်းလင်းရာ UGR ရဲဘော်များအား တပ်ဆင်ပေးထားသည့် လက်နက်များမှာ အဟောင်းများဖြစ်သည့်အတွက် တစ်ချက်ပစ်ခတ်ပြီး ခန္ဓာကိုယ်ကျည်ထိမှန်လဲကျသွားချိန်တွင် ကျည်ညှပ်နေ၍ အပြီးတိုင်ပစ်ခတ်ရှင်းလင်းနိုင်ခြင်းမရှိဘဲ ပြန်လှည့်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ကလောမြို့နယ်၊ မြင်းမထိကျေးရွာအနီးတွင် မတ်လ ၂၆ရက်က ကလောမြို့မစခန်းမှူးဟောင်း ဦးလှနိုင်၏ကားအား သွားရောက်တိုက်ခိုက်ရာ ကားပေါ်တွင် စခန်းမှူးဟောင်းဆိုသူ မပါဘဲ ၎င်း၏သားနှင့် အမျိုးသမီးတစ်ဦးသာ ပါ၀င်သည့်အတွက် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ လှည့်ပြန်ခဲ့ကြကြောင်းနှင့် ကားထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် UGR အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် တိုက်ပွဲများဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိပြီး တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ပြည်သူများကို အသိပေးထားသည်။

ပုံအညွှန်း - UGR ရဲဘော်များက တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်ကူသွားခဲ့စဉ်
#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။