Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

လှိုင်သာယာမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားပြီး လူ ၆ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

05 December - 2022

မြန်မာ့နွေဦး

ကျောက်မဲမှာ လောင်းကစားပွဲတော် အကြီးအကျယ်လုပ်နေလို့ ရာဇဝတ်မှုတွေ ဖြစ်လာမှာ ဒေသခံတွေ စိုးရိမ်

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး လောင်းကစားပွဲတော် အကြီးအကျယ် ပြုလုပ်နေလို့ ရာဇဝတ်မှုတွေဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

05 December - 2022

မြန်မာ့နွေဦး

ဇနီးနဲ့သားငယ်နှစ်ဦးရှိနေတဲ့ အင်္ဂလန်က မိသားစုနေအိမ် လက်နက်ကိုင်ဓားပြတွေ ဝင်ဖောက်လို့ စတာလင် ဆီနီဂေါနဲ့ပွဲမပါဘဲ မိသားစုထံ ပြန်သွား

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၄ ရက်ညက အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အာဖရိကချန်ပီယံ ဆီနီဂေါနဲ့ မကစားမီ အချိန်ပိုင်းအလိုမှ အရေးပါတဲ့ တိုက်စစ်ကစားသမား စတာလင်ဟာ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပွဲနေ့အသင်းကနေ နုတ်ထွက်ခဲ့တယ်ဆိုတဲ့သတင်းကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုကြေညာခဲ့ပါတယ်။

05 December - 2022

မြန်မာ့နွေဦး

အင်းသားစာပေ အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူထား

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလူမျိုးတွေရဲ့ အင်းသားစာပေ အတည်ပြုနိုင်ရေး အတွက် နောက်ဆုံး အစည်းအဝေး ခေါ်ယူထားတယ်လို့ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ထံကနေ သိရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မဲခေါင်၊ ဖေဖော်ဝါရီ ၁

တာချီလိတ်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ် ထောက်ခံပွဲတွင် ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်များက လိုက်လံပစ်ခတ်ရာ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူများ ဖေဖော်ဝါရီလ ၁ ရက် နေ့လည် ၁၂ နာရီခန့်က တာချီလိတ်မြို့ အထကကျောင်း အနီးချီတက်စဉ် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီအဖွဲ့ဝင်များက ရမ်းသမ်းကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်သံကလည်း အကျယ်ကြီးပဲကြားရတယ်။ ပြီးတော့ သေနတ်ပစ်သံတွေ ဆက်တိုက်ပဲ ကြားရတာ။ သေတာတော့ ဗုံးပေါက်လို့ သေတာလား သေနတ်ပစ်ခံရလို့ သေတာလားမသိဘူး။ အမျိုးသား ၂ ယောက် သေတယ်” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြောင့် စစ်တပ်ထောက်ခံပွဲတွင် ပါဝင်သည့် စစ်မှုထမ်းဟောင်းများနှင့် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများအပါအဝင် ၄၀ ဦးခန့် ဒဏ်ရာရပြီး ၅ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီမှ ကြိုးကိုင်သည့် စစ်တပ်ထောက်ခံပွဲသို့ တာချီလိတ်မြို့အနီးရှိ ကျေးရွာများမှ အာခါနှင့် လားဟူတိုင်းရင်းသားအများစုလာရောက်ကြပြီး နေ့စားခ ပေးကာ ခေါ်ယူလာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်များက တာချီလိတ်မြို့ရှိလမ်းများကို ပိတ်ဆို့က စစ်ဆေးမှုများ လုပ်နေပြီး လမ်းပေါ်တွင် တွေ့သူများကို ဖမ်းဆီးရိုက်နှက်မှုများလုပ်နေကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။