Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်မှ ‌ဆန္ဒမပြရန်၊ လူ ၅ ဦး(သို့မဟုတ်) ၅ ဦးထက်ပိုသောသူများသည် စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ဇန်နဝါရီလ ၄ ရက်က ထုတ်ပြန်ထားကြောင်း ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်၌ ကလောမြို့နယ်၏ နယ်နမိတ်တွင်း လူတချို့သည် အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်များ ပြုမူဆောင်ရွက်နေသည်ဟု အာဏာသိမ်းစစ်တပ်လက်အောက်ခံ မြို့နယ်ထွေအုပ်၏ ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများဖြစ်နိုင်သည်ဟု ယူဆရသဖြင့် ကလောမြို့နယ်တွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ ‌လှုံ့ဆော်ဆန္ဒပြခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ယင်းထုတ်ပြန်စာ၌ ‌ပါရှိသည်။

ထို့အပြင် လူ ၅ ဦး(သို့မဟုတ်) ၅ ဦးထက်ပိုသောသူများသည် ကလောမြို့နယ်အတွငရှိ လမ်းမကြီးများ၊ အများပြည်သူသွားလမ်းများ၊ ဥယျာဉ်များ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိချက်အရ သိရသည်။

အဆိုပါအမိန့်ကို နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမခြင်း အတည်ဖြစ်စေရမည်ဟုလည်း အာဏာသိမ်းစစ်တပ်လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်။

#MeKongNews

signal 2022 01 06 121716 001

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။