Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပန်းပင်ကြီးလမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူ တချို့ရှိ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ ည၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လိုင်စင်မဲ့သေနတ်ကိုင်ဆောင်လို့ ရဲစခန်းရောက်တော့ ဌာန်၊ ကရိုဏ်ကျကျ ကျယ်လောင်စွာ ပရိသတ်ရွတ်တဲ့ တရားခံကြောင့် ထိုင်းရဲတွေ လက်အုပ်ချီရမလို ဒူးထောက်ရမလို ဖြစ်ခဲ့ရ

မဲခေါင်၊ ဒီဇင်ဘာ ၅ နိုဝင်ဘာလကုန်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ဟာ တက်ခ်ခရိုင် ဝမ်ယိုအရပ်မှာရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားဝင်လိုင်စင်မလုပ်ထားတဲ့ ရိုင်ဖယ်တစ်လက်ကို သိမ်းဆည်းရမိတဲ့အတွက် ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးစဉ် ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စစ်ဆေးမေးမြန်းခြင်းချက်ချင်းမလုပ်နိုင်ခဲ့ဘဲ ၁၀ မိနစ်လောက် စိတ်ရှည်ရှည်စောင့်ပြီးမှ စစ်ဆေးခဲ့ရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

မာရှာအာမီနီကို သတ်တဲ့ အမျိုးဘာသာစောင့် ရဲတပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း အအီရန်ရှေ့နေချုပ် ကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၅ စက်တင်ဘာ ၁၃ ရက်နေ့က အသက် ၂၂ နှစ်အရွယ် ကာ့ဒ်လူမျိုးအမျိုးသမီးငယ်မာရှာအာမီနီကို အစ္စလာမ်ဘာသာကျင့်ထုံးနဲ့ အညီ ခေါင်းမြှီးခြုံစနစ်တကျမဝတ်လို့ အီရန် အကျင့်စာရိတ္တရဲတပ်ဖွဲ့ (morality police) က ဖမ်းဆီးစစ်ဆေးရာမှာ နှိပ်စက်လို့ သေဆုံးသွားရတဲ့အဖြစ်အတွက် အီရန်နိုင်ငံမြို့ကြီးတွေအနှံ လူထုအုံကြွဆန္ဒပြမှုတွေ ဒီနေ့အထိ ဖြစ်ပေါ်နေတဲ့အတွက် အီရန်အစိုးရဟာ အမျိုးဘာသာစောင့်ရဲတပ်ဖွဲ့လို့ ခေါ်ဆိုနိုင်တဲ့ ဒီရဲတပ်ဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း...

05 December - 2022

မြန်မာ့နွေဦး

ကြည့်မြင့်တိုင် ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေးကြမ်းနေ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အပေါ်လမ်းရှိ ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေး ကြမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

05 December - 2022

မဲခေါင်၊ အောက်တိုဘာ ၂၀

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်မှာ အချုပ်ကျခံနေရစဉ်အတွင်း COVID-19 ကူးစက်ခံနေရကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ရက်က လားရှိုးမြို့ရှိနေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခံရသည့် လွေးအမ်ဖောင်ကို လားရှိုးမြို့ အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားစဉ် ကူးစက်ခံခြင်းဖြစ်ပြီး အခြားတအောင်းလူငယ်တစ်ဦး ဖြစ်သည့် မိုင်းအောင်သန့်ဦးမှာလည်း COVID-19 ကူးစက်ခံထားရကြောင်း သိရသည်။

ကူးစက်ခံထားရသည့် လွေးအမ်ဖောင်နှင့် မိုင်းအောင်သန့်ဦးကို အဆောင်သီးခြားထားရှိပြီး လိုအပ်သည့် ဆေးဝါးများကို မိသားစုက ပေးပို့နေကြောင်း သိရသည်။

ရွှေဖီမြေသတင်းဌာန၏ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို အကြမ်းဖက် စစ်ကောင်စီက စက်တင်ဘာလ ၂၆ရက် နံနက်အစောပိုင်းက နေအိမ်ခြံဝန်းကျော်ကာ ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး အောက်တိုဘာလ ၂၈ရက်တွင် အမှုတွဲတင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ၎င်းတို့ မတရားဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၅၆၃၆ဦးကို ပြန်လွှတ်ပေးမည်ဟု ကြေညာထားသော်လည်း လွေးအမ်ဖောင်အပါအဝင် ဖမ်းဆီးခံထားရသည့် တအောင်းလူငယ်များ ပါဝင်လာခြင်း မရှိသေးပေ။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။