Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၇

ပြည်သူလူထု ယုံကြည်မှု မဲ့နေပြီ ဖြစ်တဲ့ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ အတိုးနှုန်း တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်များကို ယနေ့ အပြိုင်အဆိုင် ထုတ်ပြန်ကာ ငွေအပ်နှံဖို့ ဆွဲဆောင်နေပေမယ့် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ AGD ဘဏ်ရဲ့ကြေညာချက်မှာ တိုတောင်းတဲ့ သက်တမ်းအတွင်း ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ ကြိုယူအကောင့်နဲ့ လာရောက် ငွေစုကြဖို့ ဖိတ်ခေါ်ထားပြီး ကျပ်သိန်း ၅၀ အောက် ငွေစုသက်တမ်း ၁ လမှ ၃ လအထိ အမြင်ဆုံး အတိုး ၉ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၅၀ အထက် ငွေစုသက်တမ်း ၃ လအထိ အမြင့်ဆုံး အတိုး ၉ ဒသမ ၃၅ ရာခိုင်နှုန်း ပေးမယ်လို့ ဆိုပါတယ်။

CB ဘဏ်ကတော့ ရက် ၁၀၀ စာရင်းသေ အပ်ငွေ အတွက် အတိုးနှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်း ပေးမယ်လို့ ကြေညာပြီး ပရိုမိုးရှင်းကာလ နိုဝင်ဘာလကုန်အထိ 100 Days Fixed Deposit တစ်စောင်ကို အနိမ့်ဆုံး အပ်နှံငွေ ကျပ်သိန်း ၁၀၀ နဲ့ အပ်နှံနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KBZ ဘဏ်က ရက် ၉၀ ပုံမှန် စာရင်းသေ အပ်ငွေ အတွက် တစ်နှစ် အတိုးနှုန်း ၉ ရာခိုင်နှုန်းနဲ့ ရက် ၁၈၀ ပုံမှန် စာရင်းသေ အပ်ငွေ အတွက် တစ်နှစ်အတိုးနှုန်း ၉ ဒသမ ၂၅ ရာခိုင်နှုန်း ပေးမှာဖြစ်လို့ ယခင်ထက် မြင့်မားတဲ့ အတိုးနှုန်းတွေ ရယူခံစားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လက်ရှိ ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်းနီးပါး ဖြစ်နေပြီး ဗဟိုဘဏ်က မူဝါဒများ မကြာခဏ ပြောင်းလဲမှုကြောင့် ဘဏ်စနစ် အပေါ်မှာ ငွေအပ်နှံသူများ ယုံကြည်မှု မရှိတော့လို့ အတိုးနှုန်းမြှင့်တင် ဆွဲဆောင်တာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

"အပြင်မှာ ငွေကြေးဖောင်းပွမှုက ၂၀ ရာခိုင်နှုန်းလောက် ဖြစ်နေတော့ ရေရှည်မှာ အပ်နှံသူ မရှိမှာစိုးတဲ့ အတွက် အနှေးနဲ့ အမြန် လုပ်ရမှာပဲ။ မလုပ်ရင် ဘဏ်ထဲ ငွေထည့်တဲ့သူ ရှိမှာမဟုတ်ဘူး၊ လူတွေရဲ့ ဘဏ်တွေပေါ် ယုံကြည်မှုကလည်း မရှိတော့ဘူး၊ ဗဟိုဘဏ်ကလည်း မူဝါဒတွေ အချိန်ပြည့် အပြောင်းအလဲ လုပ်တဲ့ အချက်ကလည်း ငွေအပ်နှံမဲ့ သူတွေကို သံသယ ဖြစ်စေတယ်၊ စိုးရိမ်ပူပင်မှု ဖြစ်စေတယ်၊ စီးပွားရေးသမားတွေ ပိုပြီး ခက်ခဲလာမယ်၊ ပိုပြီး ရှုပ်ထွေးလာဖို့ပဲရှိတယ်" လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မတည်ငြိမ်တဲ့ ပေါ်လစီတွေကြောင့် ဘဏ်စနစ် ပျက်စီးလာပြီး ငွေကြေး ဖောင်းပွမှုကို အားပေးသကဲ့သို့ ဖြစ်နေလို့ ငွေကြေးဖောင်းပွမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း အမည်မဖော်လိုသူ စီးပွားရေး ပညာရှင်က ဆိုပါတယ်။

“ဗဟိုဘဏ် ပေါ်လစီ မငြိမ်တာနဲ့ ရေတို ကုထုံးတွေကြောင့် ငွေကြေးဆက်ဖောင်းပွမယ်၊ အခု ဒေါ်လာဈေး ငြိမ်နေတယ်ဆိုတာ ခဏပါ” လို့ ၎င်းကဆိုပါတယ်။

အခုလို ဘဏ်တွေ အပြိုင်အဆိုင် အတိုးနှုန်း မြှင့်တင်တာဟာ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ စတာတွေမှာ ရင်းနှီးမြှုပ်နှံ နေတဲ့ ပြည်သူတွေကို ဘဏ်တွေမှာ ငွေပြန်အပ်ဖို့ စည်းရုံးတဲ့ သဘော ဖြစ်တာကြောင့် ဘဏ်တွေရဲ့ အခြေအနေကို ခန့်မှန်းနိုင်ပြီး မကြာခင်မှာ ဆိုးဝါးတဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။