Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ဒီးမော့ဆိုမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်တွေက တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

04 December - 2022

N.B Chyoi

ကမ္ဘာနဲ့အဝှမ်း စုစုပေါင်းရှိတဲ့ ကျောက်စိမ်း ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့ တိုင်းပြည်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးပါတဲ့ ဆင်ရဲမွဲတေမှု ပပျောက်ရေးနဲ့ လူ့အခွင်းအရေးလို ကိစ္စရပ်တွေမှာ နလံထူအောင် ကြိုးစားရုန်းကန်နေရတာဟာ အင်မတန်မှ အံ့သြစရာပါ။

တူးဖော်မှု ၊ ထုတ်လုပ်မှုကနေ သန့်စင်မှုအထိ လုပ်ငန်းတွေအားလုံးကို လက်တဆုပ်စာ လူတန်းစား တရပ်ကပဲ ပိုင်ဆိုင်တာပါ။ အဲဒီသူတွေကို ကျောက်စိမ်းရဲ့ အရှင်သခင်တွေ လို့ ခေါ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။

အရှင်သခင်တွေဟာ ရှမ်းပြည် ကချင်ပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့တို့ ၊ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့လို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်နိုင်သလို ၊ မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတွေ ဖြစ်နိုင်သလို ၊ စစ်တပ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ပြည်သူ့စစ် နယ်ခြားစောင့်တပ်တွေရဲ့ ခေါင်းဆောင်တွေလည်း ဖြစ်နိုင်ပါတယ်။ ကျောက်စိမ်းတွင်းနားမှာ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တပ်အကြားက ပဋိပက္ခနဲ့ တိုက်ပွဲတွေဟာ သူတို့ရဲ့ ဝေစု ရှယ်ယာတွေကို ပိုမိုသေချာစေဖို့အတွက်လည်း ဖြစ်ပါတယ်။

ရေမဆေးလို့ခေါ်တဲ့ ဆင်းရဲတဲ့ မိုင်းလုပ်သားတွေဟာ ကျောက်စိမ်းလုပ်ငန်းရဲ့ အဓိကကျတဲ့ လုပ်သားအင်အားစုတွေဖြစ်ပြီး သူတို့ဟာ ရရစားစား လက်လုပ်လက်စားဘဝနဲ့ပဲ ဘဝတလျှောက်လုံး ဖြတ်သန်းရတာ များပါတယ်။ ပင်ပန်းဆင်းရဲမှု ၊ မိုင်းတွင်း ပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိမှု မြေပြိုကျမှုတွေကို ရင်ဆိုင်ရင်းနဲ့ပေါ့လေ။

ဒီလို ရင်နင့်စဖွယ် ဖြစ်ရပ်တွေဖြစ်နေတာကတော့ မျိုးဆက်နဲ့ချီနေပါပြီ။ လုပ်သားတွေအတွက် ဒီလို ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်ဘဝကို ရင်ဆိုင်ဖြတ်ကျော်နေရစဉ် မူးယစ်ဆေးဝါး စွဲခြင်းနဲ့ အရက်စွဲခြင်းလို ကိစ္စတွေကတော့ အပိုဆုအနေနဲ့ ရနေကြတာလည်း ဖြစ်ပါတယ်။Suu Kyi Myanmar AP pc

ကျောက်စိမ်းလုပ်ငန်းအနေနဲ့ အခွန်များစွာ ရနိုင်တဲ့ လုပ်ငန်းအဖြစ်ရှိနေပေမယ့် ကျောက်စိမ်းတွင်း အရှင်သခင်တွေ အဆင်ပြေစေဖို့အတွက် ဒီလို တရားဝင် ကန့်သတ်ချက် မူဘောင်တွေဟာ ကျောက်စိမ်းတွင်း စနစ်တကျ အသက်ဝင်ဖို့အတွက် ထောက်ပံ့ပေးနိုင်တာမရှိဘဲ မူဘောင်တွေကိုယ်တိုင် အသက်မဝင်အောင် ကန့်သတ်ခံထားရပါတယ်။ ဒီလို အကြောင်းရင်းတွေကပဲ သဘာဝအရင်းအမြစ်ကြွယ်ဝတဲ့ ကချင်နဲ့ ရှမ်း ပြည်တို့ဟာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ပြည်နယ်တွေအဖြစ် ကျန်ရစ်နေပြီး ပဋိပက္ခတွေ ပြွန်းတီးနေတဲ့ ပြည်နယ်တွေအဖြစ် နောက်ကျကျန်ရစ်နေခဲ့ပါတယ်။ ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေဟာ အိလစ်တွေနဲ့ အရှင်သခင်တွေရဲ့ စနစ်တကျ တိုက်စားမှုကို ခံနေရပါတယ်။

မြန်မာပြည်ရဲ့ နိမ့်ပါးလှတဲ့ အခြေခံ အဆောက်အုံတွေကြောင့်ပဲ ကျောက်စိမ်းတရားမဝင်တူးဖော်မှု နဲ့ မှောင်ခိုထုတ်မှုတွေဟာ တရုတ်လူမျိုးတွေရဲ့ လက်ထဲကို ဖြည်းဖြည်းခြင်း ဆင်းသက်လွှဲပြောင်းရောက်ရှိသွားပါတယ်။

သူတို့ကို ကုန်သွယ်မှုဆိုင်ရာ အခွန်စည်းကြပ်မှုတွေအပါအဝင် အခြား တရားဝင် နည်းလမ်းတကျဖြစ်အောင်လုပ်ရမယ့် လုပ်ငန်းစဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ခံနေရပါတယ်။ တရုတ် ကျောက်စိမ်းနဲ့ ကျောက်မျက်ကုန်သည်တွေဟာ ကချင် ၊ ရှမ်းနဲ့ မန္တလေးတို့မှာ ရှိတဲ့ အသေးစား တနိုင်တပိုင်ကျောက်မျက်ကုန်သည်တွေဆီကနေ ညှိနှိုင်းဈေးတွေနဲ့ ကျောက်တွေကို အခွန်မဆောင်ပဲ မကြာခဏဆိုသလို ဝယ်ယူနေကြတာပါ။ အခြေစိုက်ဖို့နဲ့ စီးပွားရေး လုပ်ငန်းချဲ့ထွင် ထူထောင်ဖို့အတွက် ဗမာ လူမျိုး တွေနဲ့ တိုင်းရင်းသူတွေကို လက်ထပ်ယူနေတဲ့ တရုတ်တွေကြောင့်ပဲ အခုအခါမှာ မန္တလေးမြို့ရဲ့ အိမ်ခြံမြေ လုပ်ငန်းအများစုဟာ တရုတ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ကျရောက်နေပါပြီ။

မြန်မာတွေကို လက်ထပ်ယူမှုတွေကတဆင့် မြေနေရာကောင်းတွေ ရရှိဖို့၊ မိုင်းဧရိယာတွေမှာ ရင်းနှီးမြှပ်နှံခွင့်ရရှိမှု ၊ တူးဖော်ခွင့်အတွက် စာချုပ်ချုပ်ဆိုမှုတွေလို ကဏ္ဍတွေမှာ အထောက်အကူ ပြုစေခဲ့တယ်။ အခုဆိုရင် ကျောက်မျက်လုပ်ငန်းရဲ့ အကြီးဆုံး ဝယ်လက်ဖြစ်တဲ့တရုတ်တွေဟာ ကျောက်စိမ်းကုန်သွယ်မှု လုပ်ငန်းတွေကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တရုတ်မြန်မာ နယ်စပ် မူဆယ်ဂိတ်ကနေ ဖြတ်ရင်ရောက်တဲ့ တရုတ်ဘက်ခြမ်းက ကျယ်ခေါင်မှာ ကျောက်စိမ်းနဲ့ ပတ္တမြား ကုန်သည်တွေအတွက် ကြီးမားတဲ့ ဈေးကွက်ရှိပါတယ်။ အဲဒီဈေးကနေ ရောင်းဝယ်ဖောက်ကားမှုတွေကနေ ဒေါ်လာ ဘီလီယံချီ အရောင်းအဝယ် ဖြစ်နေပေမယ့် အခွန်အခတွေကတော့ မူရင်းနိုင်ငံဖြစ်တဲ့ မြန်မာထက် တရုတ်နိုင်ငံကိုပဲ အဓိက ဝင်သွားခဲ့ပြီး မြောက်မြားလှစွာသော အခွန်အခတွေကို တရုတ်က ရနေပါတယ်။T56aSgSO KYS 5213owot 3 1024x678

ကျောက်စိမ်းနဲ့ ပတ္တမြားတွေ တရုတ်နိုင်ငံထဲကိုတရားမဝင် မှောင်ခိုအဖြစ် ရောက်ရှိနေချိန်မှာပဲ မြန်မာဟာ အခွန်အခတွေ မရဘဲ ဖြစ်နေတယ်။ ဒီဖြစ်ရပ်တွေဟာ တရုတ်အနေနဲ့ မြန်မာပြည်ကနေ ညှစ်ထုတ်ပြီးရလာတဲ့ ကျောက်မျက်တွေအပေါ်မှာ နှစ်ပြန်ရတဲ့ အနေနဲ့ ကုန်သွယ်မှုဆိုင်ရာ အခွန်အခတွေကိုပါ ရရှိနေတာဖြစ်ပါတယ်။

Global Witness အဖွဲ့က လတ်တလော ထုတ်ပြန်ထားတဲ့ ကျောက်စိမ်းဆိုင်ရာ အစီအရင်ခံစာတစောင်မှာတော့ စစ်အာဏာရှင်တွေအတွက် ဘဏ္ဍာငွေရစေတဲ့ ကျောက်စိမ်းလုပ်ငန်းကို ကမ္ဘာက ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်ဖို့တောင်းဆိုတိုက်တွန်းထားပါတယ်။

ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် နဲ့ မြန်မာ့ရတနာ အင်တာပရိုက်စ် တို့ဟာ မြန်မာ့တပ်မတော်လက်အောက်က လုပ်ငန်းတွေဖြစ်ပါတယ်။ ကျောက်စိမ်းလုပ်ငန်းရဲ့ အဓိက လုပ်ငန်းအများစုကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က ကိုင်ထားပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ ကျောက်စိမ်းလုပ်ငန်းတွေနား လုံခြုံရေး တာဝန်ကျတဲ့ တပ်မတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းလိုတဲ့ တပ်မတော် အရာရှိတွေနဲ့ ယင်းနေရာမှာ တာဝန်ထမ်းနေပြီး အခြားနေရာကို မပြောင်းလိုတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေဟာ မိမိတို့ရာထူးနေရာအတွက် ငွေကြေးများစွာ စိုက်ထုတ်အကုန်ခံကျရပါတယ်။ မြန်မာ့အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ဦးအောင်ပြည့်စုံက ကျောက်စိမ်းလုပ်ငန်းမှာသုံးတဲ့ ဒိုင်းနမိုက်တွေအဓိက တင်သွင်းသူပါ။ ဒါဟာ အလွန် အစီအစဉ်တကျဖြစ်လှတဲ့ ဆက်စပ်မှုပဲဖြစ်ပါတယ်။

ထိုနည်းတူစွာ ကေအိုင်အို ၊ ကေအိုင်အေ ရဲ့ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အန်ဘန်လရဲ့ မိသားစုကလည်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ မိသားစုအကျိုးစီးပွားအတွက် ပိုင်ဆိုင်မှုတွေ ရှိပါတယ်။ သူတို့တွေအနေနဲ့ ကျောက်စိမ်းကို မူလတန်ဖိုးထက်လျော့နည်းသတ်မှတ်ပြီး အခွန်ရှောင်ဖို့ ကြိုးစားတာမျိုးကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ရဲ့ ကျောက်စိမ်း စိစစ်အကဲဖြတ်ရေးကော်မတီက တွေ့ရှိခဲ့ရပါတယ်။ ကေအိုင်အို နယ်မြေထဲမှာ လေ့ကျင့်ရေး စခန်းရှိတဲ့ အေအေ ရက္ခိုင့်တပ်မတော်ဆိုရင်လည်း ကေအိုင်အိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး ကျောက်စိမ်းလုပ်ငန်းကနေ အကျိုးအမြတ်တွေ ရနေပါတယ်။အဲဒီငွေတွေက လက်နက်တွေဝယ်ဖို့ ပြန်လည်အသုံးပြုနေပါတယ်။ သဘောကတော့ ကျောက်စိမ်းရှိနေရင် ပဋိပက္ခက ဆက်ရှိနေမယ်ဆိုတဲ့သဘောပါပဲ။ နေပြည်တော်မှာ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် နေပါ။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၆ ခုနစ်တုန်းကတော့ ကျောက်စိမ်း နဲ့ ကျောက်မျက်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ကြိုးပမ်းခဲ့တယ်။ အဲဒီနောက် ကျောက်မျက်ဥပဒေမူကြမ်းကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် အသက်ဝင်အောင် အကျိုးသက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးအခြေအနေအရ အသက်ဝင်အောင်လုပ်ဖို့ မဖြစ်နိုင်အောင် မဖြစ်မနေ ဟန့်တားခဲ့လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အန်အယ်လ်ဒီ ပါတီထဲမှာတင်ကိုပဲ ဒီဥပဒေ အတည်မပြုဖို့ အတိုက်အခံလုပ်သူတွေလည်း ရှိခဲ့တာပါ။

ဖေဖော်ဝါရီ အာဏာသိမ်းပွဲဟာ အတိတ်ကလိုပဲ ကျောက်စိမ်းလုပ်ငန်းကို သရဲမရဲစီးသလို အပြိုင်အဆိုင် လုပ်ကိုင်ကြဖို့ တံခါးဖွင့်ပေးလိုက်ပါတယ်။ ဒီကိစ္စအပေါ် အခြေခံပြီးတော့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေက များပြားလာခဲ့ပြီး ဖားကန့်နဲ့ ခန္တီး တို့လို ကျောက်စိမ်းမှော်ဒေသတွေမှာ ဖြစ်ပွားလာနေခဲ့တာပါ။ မြန်မာ့တပ်မတော်ကလည်း ဝေစုအများဆုံး လိုချင်နေပါတယ်။ ဒီ ကျောက်စိမ်းကဏ္ဍက အခုလို တိုင်းပြည် ကသောင်းကနင်းအချိန်မှာတောင် မထိမခိုက်ဆက်ရှိနေပြီး ဘဏ္ဍာငွေတွေ ရနေမှာကို စစ်တပ်အနေနဲ့ သဘောပေါက်တဲ့အတွက် ကျောက်စိမ်းထွက်ရှိရာဒေသတွေမှာ သူ့ရဲ့ အခန်းကဏ္ဍကို ပိုအားကောင်းအောင်လုပ်ချင်နေပါတယ်။

စစ်တပ်ဟာ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တူးဖော်မှုလို ကဏ္ဍတွေကိုလည်း ခိုင်မာတင်းကြပ်စွာ ထိန်းချုပ်ထားနိုင်ပြီး ဒါဟာ ဘဏ္ဍာရန်ပုံငွေ ဆက်လက် ရရှိစေရေးအတွက်ပဲဖြစ်ပါတယ်။

( တရုတ် ၊ အိန္ဒိယ နဲ့ မြန်မာ သုံးနိုင်ငံရဲ့ ပထဝီနိုင်ငံရေးကို လေ့လာနေသူ N.B Chyoi ရဲ့ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါတယ်။ )

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။