Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ဇနီးနဲ့သားငယ်နှစ်ဦးရှိနေတဲ့ အင်္ဂလန်က မိသားစုနေအိမ် လက်နက်ကိုင်ဓားပြတွေ ဝင်ဖောက်လို့ စတာလင် ဆီနီဂေါနဲ့ပွဲမပါဘဲ မိသားစုထံ ပြန်သွား

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၄ ရက်ညက အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အာဖရိကချန်ပီယံ ဆီနီဂေါနဲ့ မကစားမီ အချိန်ပိုင်းအလိုမှ အရေးပါတဲ့ တိုက်စစ်ကစားသမား စတာလင်ဟာ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပွဲနေ့အသင်းကနေ နုတ်ထွက်ခဲ့တယ်ဆိုတဲ့သတင်းကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုကြေညာခဲ့ပါတယ်။

05 December - 2022

မြန်မာ့နွေဦး

အင်းသားစာပေ အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူထား

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလူမျိုးတွေရဲ့ အင်းသားစာပေ အတည်ပြုနိုင်ရေး အတွက် နောက်ဆုံး အစည်းအဝေး ခေါ်ယူထားတယ်လို့ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ထံကနေ သိရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

မဲခေါင်၊ ဇူလိုင် ၁

အပြစ်မဲ့ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို စစ်အုပ်စုက ပြန်လွှတ်ပေးနေသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကိုမူ ဆက်လက်ဖြိုခွင်းနေဆဲဖြစ်ကြောင်း သိရသည်။

ဇွန်လ ၃၀ရက်က မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်း ပြုလုပ်နေစဉ် စစ်အုပ်စုက ဖြိုခွင်းရန် လာရောက်ခဲ့သည့်အတွက် အချိန်မီလူစုခွဲလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“သပိတ်လုပ်တုန်း ၂မိနစ်လောက်ပဲရှိသေးတယ်။ စစ်အုပ်စုက ကားတွေလာလို့ ပြေးကြရတယ်။ အမျိုးသမီးတစ်ဦးလည်း အဆက်အသွယ်မရဖြစ်နေတယ်” ဟု ၎င်းက ဇွန်လ ၃၀ရက် ညနေပိုင်းက ပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းများ နေ့စဉ် ချီတက်ဆန္ဒပြနေပြီး စစ်အုပ်စုကလည်း နေ့စဉ်လိုက်လံဖြိုခွင်းနေကြောင်း မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံမှ ပြန်လာပြီးနောက် ဇွန်လ ၃၀ရက်နေ့က နိုင်ငံတဝှမ်းမှ ဖမ်းဆီခံထားရသည့် အပြစ်မဲ့နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၁ရက် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား ၅၀၀၀ ကျော်ရှိသည့်အတွက် ၂၀၀၀ ကျော်လွှတ်ပေးသော်လည်း ၃၀၀၀ကျော်မှာ အကျဉ်းထောင်များတွင် ကျန်ရှိနေဆဲဖြစ်သည်။

ပုံအညွှန်း - ဇွန်လ ၃၀ရက် ညနေပိုင်းက မန္တလေးမြို့မြတောင်သပိတ်စစ်ကြောင်း ဆန္ဒပြနေစဉ်
Photo - NSTZ
#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။