Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မှုခင်းသတင်း

တာချီလိတ်မှာ ဆိုင်ကယ်နဲ့ကား တိုက်မိပြီး ကားသမား မောင်းပြေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် အစောပိုင်းက ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး ကားသမားက မောင်းပြေးသွားတယ်လို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်ထဲ သားသတ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးက ဒီကနေ့ စက်တင်ဘာ ၂၆ ရက်မှာ ခြိမ်းခြောက်စာ ထုတ်ပြန်ပါတယ်။

မိုင်းရှူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်နဲ့ ငှက်တို့ကို သတ်ဖြတ်ခြင်းနဲ့ အသား ထုတ်လုပ်ခြင်းတို့ကို ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ ပုဒ်မ(၄၆) ဒါမှမဟုတ် သားသတ်ခြင်းဆိုင်ရာ စည်းကမ်းများ(Bye Laws) နဲ့ အ‌ရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။

မိုင်းရှူးမြို့မှာ ပြီးခဲ့တဲ့ သုံးရက်လောက်က ဈေးထဲကနေ ဝယ်လာတဲ့ ဝက်သားကို ဝက်ဒိုင်မှ လူတွေက အိမ်ထဲအထိ ဝင်ပြီးတော့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဝယ်လာတဲ့ ဝက်သားကို အိမ်ထဲအထိ ဝင်ဖမ်းပြီးတော့ ရန်လာလုပ်တယ်။ မြင်မကောင်းဘူး။ ဘာမှ အကြောင်းပြချက် မပေးဘဲနဲ့ ဝင်ဖမ်းတာ” လို့ ၎င်းက ပြောပါတယ်။

မိုင်းရှူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ဟိုဆိုင်ကျေးရွာအုပ်စု (မိုင်းရှူးတောင်ပေါ်) မှာ ခွင့်ပြုချက် မရှိဘဲ ဝက်သားသတ်ခြင်းနဲ့ အသားရောင်းချခြင်းတို့ကို လုပ်ဆောင်နေတယ်လို့ စည်ပင်သာယာက စွပ်စွဲထားပြီး ဖမ်းဆီးမယ်လို့ ခြိမ်း‌ခြောက်ထားပါတယ်။

မိုင်းရှူးမြို့မှာ သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်းတို့နဲ့ စပ်လျဉ်းပြီး လေလံဆွဲဝယ် ရရှိထားသူမှ အပ ဘယ်သူ မဆို ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ရင် အရေးယူမယ်လို့ ပြည်သူတွေကို ခြိမ်းခြောက်ထားပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။