Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မဲခေါင်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မဈေးမှာ စက်တင်ဘာလ ၁၈ ရက်၊ ညပိုင်းက ဆိုင်မိုးထားတဲ့ မိုးကာတွေကို စည်ပင်က လိုက်လံ ဖျက်ဆီးထားတယ်လို့ ဈေးသည်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးဌာနက မိုးတွင်း ကာလဖြစ်လို့ မဖြုတ်ထားတဲ့ မိုးကာတွေကို ဓားနဲ့ ထက်ခြမ်းခွဲ ဖျက်ဆီးထားတာဖြစ်ပြီး တစ်ဈေးလုံးနီးပါးက မိုးကာတွေ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"မိုးတွင်းကာလ ဖြစ်လို့ မိုးကာတွေ မဖြုတ်တာကို ဓားနဲ့ခွဲထားတာ။ လူမဆန်တဲ့ လုပ်ရပ်တခုပါပဲ‌ပေါ့။ ဈေးသည်တွေက ဈေးရောင်းပါးနေတာ‌ရော၊ မိုးတွင်းကာလ ဖြစ်တဲ့ အတွက်ကြောင့် မိုးကာအသစ် ဝယ်မိုးထားတာကို အကုန်လုပ်သွားတာ။ အများဆုံးကတော့ ကုန်စိမ်းတန်းနဲ့ အထည်တန်းတွေပေါ့" လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဈေးသိမ်းပါက ‌မိုးကာ‌တွေ ဖြုတ်သိမ်းဖို့ ကြိုတင် သတိပေးတာ မရှိဘဲ အခုလို ဖျက်ဆီးတာကြောင့် မိုးကာအသစ် ထပ်မဝယ်နိုင်တဲ့ ဈေးသည်တွေ အခက်အခဲ ဖြစ်နေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် မြို့နယ်စည်ပင်သာယာ‌ရေးဌာနရဲ့ ဈေးတာဝန်ခံ (ဈေးခေါင်း) ဆိုသူကလည်း သူနဲ့ ရင်းနှီးတဲ့ ပျံကျဈေးသည်တွေကို ငွေကြေးရယူ ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။