Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က နေ့စဉ်စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင်၊ ဒီဇင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၁ ရက်ကစပြီး နေ့စဉ် စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့နေလို့ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပန်းပင်ကြီးလမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရသူ တချို့ရှိ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ ည၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လိုင်စင်မဲ့သေနတ်ကိုင်ဆောင်လို့ ရဲစခန်းရောက်တော့ ဌာန်၊ ကရိုဏ်ကျကျ ကျယ်လောင်စွာ ပရိသတ်ရွတ်တဲ့ တရားခံကြောင့် ထိုင်းရဲတွေ လက်အုပ်ချီရမလို ဒူးထောက်ရမလို ဖြစ်ခဲ့ရ

မဲခေါင်၊ ဒီဇင်ဘာ ၅ နိုဝင်ဘာလကုန်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ဟာ တက်ခ်ခရိုင် ဝမ်ယိုအရပ်မှာရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားဝင်လိုင်စင်မလုပ်ထားတဲ့ ရိုင်ဖယ်တစ်လက်ကို သိမ်းဆည်းရမိတဲ့အတွက် ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးစဉ် ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စစ်ဆေးမေးမြန်းခြင်းချက်ချင်းမလုပ်နိုင်ခဲ့ဘဲ ၁၀ မိနစ်လောက် စိတ်ရှည်ရှည်စောင့်ပြီးမှ စစ်ဆေးခဲ့ရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

မာရှာအာမီနီကို သတ်တဲ့ အမျိုးဘာသာစောင့် ရဲတပ်ဖွဲ့ကို ဖျက်သိမ်းကြောင်း အအီရန်ရှေ့နေချုပ် ကြေညာ

မဲခေါင်၊ ဒီဇင်ဘာ ၅ စက်တင်ဘာ ၁၃ ရက်နေ့က အသက် ၂၂ နှစ်အရွယ် ကာ့ဒ်လူမျိုးအမျိုးသမီးငယ်မာရှာအာမီနီကို အစ္စလာမ်ဘာသာကျင့်ထုံးနဲ့ အညီ ခေါင်းမြှီးခြုံစနစ်တကျမဝတ်လို့ အီရန် အကျင့်စာရိတ္တရဲတပ်ဖွဲ့ (morality police) က ဖမ်းဆီးစစ်ဆေးရာမှာ နှိပ်စက်လို့ သေဆုံးသွားရတဲ့အဖြစ်အတွက် အီရန်နိုင်ငံမြို့ကြီးတွေအနှံ လူထုအုံကြွဆန္ဒပြမှုတွေ ဒီနေ့အထိ ဖြစ်ပေါ်နေတဲ့အတွက် အီရန်အစိုးရဟာ အမျိုးဘာသာစောင့်ရဲတပ်ဖွဲ့လို့ ခေါ်ဆိုနိုင်တဲ့ ဒီရဲတပ်ဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း...

05 December - 2022

မြန်မာ့နွေဦး

ကြည့်မြင့်တိုင် ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေးကြမ်းနေ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အပေါ်လမ်းရှိ ညဈေးမှတ်တိုင်နဲ့ ဂိတ်ဟောင်းမှတ်တိုင်မှာ စစ်တပ်က အစစ်အဆေး ကြမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

05 December - 2022

မဲခေါင်၊ ဧပြီ ၃၀

တာချီလိတ်မြို့ရှိ နာမည်ကြီးကလပ်တစ်ခုဖြစ်သည့် DAT ကလပ်တွင် ဧပြီလ ၂၉ရက် ညသန်းခေါင်ကျော်က ချိန်ကိုက်ဗုံး ၂လုံးတွေ့ရှိခဲ့ပြီး အဆိုပါသတင်းကို ရဲတပ်ဖွဲ့က ထိန်ချိန်ထားကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂၉ရက် ညသန်းခေါင်ကျော် ၂နာရီခန့်က DAT ကလပ်၏ အမှိုက်ပုံးအတွင်း မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံးတစ်လုံးကို ဝိတ်တာတစ်ဦးက စတင်တွေ့ရှိခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးရာ ဧည့်သည်တစ်ဦး၏ ကားတွင်လည်း နောက်ထပ် ချိန်ကိုက်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။

ဗုံးတွေ့တော့ ရဲတွေလည်းရောက်လာတယ်။ ကလပ်မှာရောက်နေတဲ့လူအကုန်လုံးကို ဖုန်းတွေစစ်ပြီး အနောက်ပေါက်ကနေ တစ်ယောက်ချင်းထွက်ခိုင်းတယ်ဟု ၎င်းက ပြောသည်။

အဆိုပါ ချိန်ကိုက်ဗုံးများတွေ့သည့်သတင်းကို ရဲတပ်ဖွဲ့ကသိသော်လည်း ၎င်းတို့နှင့် နီးစပ်သည့် သတင်းမီဒီယာများမှ တင်ပြခြင်း မရှိကြောင်း၊ မည်သည့်အတွက် ဖုံးကွယ်ထားသည်ကို မသိရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

အမှန်ဆို ဒီကိစ္စက ပြည်သူတွေသိသင့်ပါတယ်။ ဘာကြောင့် ထိန်ချန်ထားလဲဆိုတာ စဉ်းစားမရဘူးဟု၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် ဧပြီလ ၂၄ရက်က ရဲတပ်သားဟောင်းနေအိမ်မှ မူးယစ်ဆေး ၁၀သန်းကျော် ဖမ်းဆီးရမိပြီးနောက် လုံခြုံရေးများ တိုးမြှင့်ထားချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။

မူးယစ်ဆေးဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က စစ်ဆေးနေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များကြား မကျေလည်မှုများ တိုးပွားနေကြောင်း သိရသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။