Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

လှိုင်သာယာမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားပြီး လူ ၆ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၅ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် ညပိုင်းက ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

05 December - 2022

မြန်မာ့နွေဦး

ကျောက်မဲမှာ လောင်းကစားပွဲတော် အကြီးအကျယ်လုပ်နေလို့ ရာဇဝတ်မှုတွေ ဖြစ်လာမှာ ဒေသခံတွေ စိုးရိမ်

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒီဇင်ဘာလ ၁ ရက်ကစတင်ပြီး လောင်းကစားပွဲတော် အကြီးအကျယ် ပြုလုပ်နေလို့ ရာဇဝတ်မှုတွေဖြစ်လာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

05 December - 2022

မြန်မာ့နွေဦး

ဇနီးနဲ့သားငယ်နှစ်ဦးရှိနေတဲ့ အင်္ဂလန်က မိသားစုနေအိမ် လက်နက်ကိုင်ဓားပြတွေ ဝင်ဖောက်လို့ စတာလင် ဆီနီဂေါနဲ့ပွဲမပါဘဲ မိသားစုထံ ပြန်သွား

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၄ ရက်ညက အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အာဖရိကချန်ပီယံ ဆီနီဂေါနဲ့ မကစားမီ အချိန်ပိုင်းအလိုမှ အရေးပါတဲ့ တိုက်စစ်ကစားသမား စတာလင်ဟာ မိသားစု ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပွဲနေ့အသင်းကနေ နုတ်ထွက်ခဲ့တယ်ဆိုတဲ့သတင်းကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုကြေညာခဲ့ပါတယ်။

05 December - 2022

မြန်မာ့နွေဦး

အင်းသားစာပေ အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူထား

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလူမျိုးတွေရဲ့ အင်းသားစာပေ အတည်ပြုနိုင်ရေး အတွက် နောက်ဆုံး အစည်းအဝေး ခေါ်ယူထားတယ်လို့ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ထံကနေ သိရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

တာချီလိတ်၊ မတ် ၄

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံးတွင် မြင့်မားလျှက်ရှိသည့်အတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - SNLD က တင်ပြထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ မြင့်မားနေသည့် အတွက် လက်တွေ့ကျပြီး ထည့်သွင်းစဉ်းစားရန် လိုကြောင်း ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ဆွေးနွေးရာတွင် တင်ပြထားသည်ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဲခေါင်သတင်းဌာနကို ပြောသည်။

“အရေးကြီးတဲ့အချက် တစ်ချက်ပေါ့။ ဘုရားပွဲတွေတောင် တစ်နှစ်ရပ်လိုက်တာမျိုးရှိတယ်လေ။ ဒီမှာ(ရှမ်းပြည်နယ်) ပိုပြီးသတိထားဖို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ တင်ပြထားသော်လည်း RCSS တာဝန်ရှိသူများမှ မည်သို့ ဆုံးဖြတ်မည်ကို မသိရသေးကြောင်း ဦးစိုင်းညွန့်လွင်က ပြောသည်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများသာမက နေပြည်တော်တွင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ လူအများအပြားစုဝေးမည့် ပွဲများပါ ရွှေ့ဆိုင်းသင့်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် နယ်နမိတ် မိုင်ပေါင်းများစွာ ထိစပ်နေသည့် အတွက် ပိုမို သတိထားရန်လိုကြောင်း ရှမ်းပြည်နယ်အရေးကျွမ်းကျင်သူ သတင်းစာဆရာ စိုင်းထွန်းအောင်လွင်က ပြောသည်။

ဖေဖော်ဝါရီလအတွင်းက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S EAO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ရန်ကုန်တွင် တွေ့ဆုံပြီးနောက်ပိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်သွားပြီဟု RCSS မှ ပြောဆိုထားသည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ပျံနှံနေပြီး လူပေါင်း ၉၀၀၀၀ ကျော်ကို ကူးစက်ထားသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ကူးစက်ခံထားရသူ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

MK – 001
#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။