Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ဒီးမော့ဆိုမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်တွေက တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

04 December - 2022

မဲခေါင်၊ ဒီဇင်ဘာ ၁၃

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

"ဝ"တိုင်းရင်းသားယဥ်‌ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ၂၀၂၀ခုနှစ်ဒု တိယအကြိမ် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ" များတွင် အဘက်ဘက်မှ ပြင်ဆင်ခဲ့ပြီးနောက် ပြည့်စုံကောင်းမွန်ပျော်ရွှင်စွာဖြင့် "ဝ" လူမျိုးများနှင့် သက်ဆိုင်သည့် ရိုးရာအက၊ ဂီတ၊ သီချင်းနှင့် ပြခန်းတို့အပြင် ရိုးရာထုတ်ကုန်များ၊ စားသောက်ဆိုင်များပါ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း M.E.E.A မှကြီးမှုးကျင်းပမည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်း အမှတ်အားကြိုဆိုသည့် အနေ ဖြင့် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ" တတိယအကြိမ်အား ၂၀၂၁ခုနှစ်ဒီဇင်ဘာလ ၁၁ရက်မှ၁၅ရက်နေ့အထိ မြန်မာ့ရုပ်မြင်သံကြား MRTV မှတဆင့် ထုတ်လွှင့်ခြင်းနှင့်အတူ အင်တာနက်အွန်လိုင်းဝက်(ဘ်) ပေါ်တယ် Internet Online Web Portal မှ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းတို့ အပါအဝင် ရုပ်မြင် အစီအစဉ် Virtual စံနစ်ဖြင့် နေ့စဉ်ထုတ်လွှင့်‌ပြသခြင်းများတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် "ဝ"တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း W.E.E.A သို့ဖိတ်ခေါ်ထားခဲ့ခြင်းအား‌ ကောင်းစွာလက်ခံရရှိခဲ့ကြောင်း “ဝ” တိုင်းရင်းသား လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။

 ၂၀၂၁ ခုနှစ်တတိယအကြိမ်"သွေးချင်းတို့ရဲ့ပွဲတော်ဆီ" တွင်လည်း ပါဝင်ဆင်နွဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ကူးစက် Covid-19 ရောဂါအားရင်ဆိုင်‌နေရခြင်းနှင့်အတူ အခြားအခက်အခဲများကြောင့် MRTV မှ တဆင့်ထုတ်လွှင့်တင်ဆက်မည့် အစီအစဉ်များနှင့် Web Portal မှ ဈေးရောင်းချခြင်းများအတွက် ပရိသတ်များ ကျေနပ်ဖွယ်ရာ ကောင်းလောက်အောင် စီစဉ်နိုင်ရန်အတွက် ပြည့်စုံနိုင်ခြင်းမရှိသေးပါသဖြင့် ယခုလ၁၁-၁၅ရက် အတွင်း ကျင်းပသည့် တတိယအကြိမ်မြောက် "သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)" အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

#MeKongNews

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။